ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဘရာဇီးလ် နာမည်ကြီးကလပ် ပါးလ်မီးရက်စ်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် ကစားသမား သေးလိစ်ကို ခေါ်ယူဖို့ အတွက် သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ကာ သေးလိစ်ရဲ့ ခြေစွမ်းကို အကဲခတ်မှုတွေ လုပ်နေကြောင်း ဘရာဇီးလ်အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ သေးလိစ်က ၂၀၂၁ခုနှစ်မှာ ဘရာဇီးလ်ဒေသတွင်းကလပ် CRB ကနေ ပါးလ်မီးရက်စ်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ပါးလ်မီးရက်စ်ထံ ရောက်ရှိပြီးနောက် လူငယ်အသင်းတွေမှာသာ ကစားခွင့် ရခဲ့ပေမယ့် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Standard

သေးလိစ်က အထောင်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် သူက လိုအပ်ရင် ညာတောင်ပံနဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိကာ သူက ယခုနှစ် ဘောလုံးရာသီမှာ ပါးလ်မီးရက်စ် ယူ-၂၀အသင်းရဲ့ အဓိက တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

သေးလိစ်က ပါးလ်မီးရက်စ် အတွက် ကစားခွင့် မရသေးပေမယ့် သူက ယခုနှစ် ဘောလုံးရာသီမှာ ပါးလ်မီးရက်စ် ယူ-၂၀အသင်း အတွက် ပြိုင်ပွဲစုံမှာ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူပေးထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ ထိပ်သီးအသင်း တချို့က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN Brazilရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က သေးလိစ်ရဲ့ ခြေစွမ်းကို အကဲခတ်ဖို့ သူတို့ရဲ့ ကင်းထောက်တချို့ကို စေလွှတ်ထားပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ သေးလိစ်ကို ခေါ်ယူသင့် ၊ မခေါ်ယူသင့်အား မကြာခင်မှာပဲ အပြီးသတ် ဆုံးဖြတ်ချက် ချတော့မယ်လို့ သိရှိရပါတယ်။

သေးလိစ်က ပါးလ်မီးရက်စ်အတွက် ကစားခွင့် မရသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ပြောင်းရွှေ့ကြေး အနည်းငယ် သုံးစွဲရုံနဲ့ သေးလိစ်ကို ခေါ်ယူနိုင်ဖို့ ရှိနေပြီး သေးလိစ်က မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိခဲ့ရင်တောင် လူငယ်အသင်းတွေမှာပဲ ဦးစွာ ကစားခွင့် ရနိုင်ပါတယ်။