ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်ထဲမှာ သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အီလန်ဂါကို ရောင်းချပြီး အီလန်ဂါကို ရောင်းချရာ ကနေ ရလာတဲ့ ငွေတွေနဲ့ ဘရိုက်တန်ရဲ့ လူငယ်ကြယ်ပွင့် ဖာဂူဆန်ကို ပြန်ခေါ်ဖို့ စီစဉ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တောင်ပံတိုက်စစ်မှာ ရက်ဖို့ဒ် ၊ အန်တိုနီ ၊ ဆန်ချို ၊ ပယ်လီစထရီ ၊ ဂါနာချို ၊ အီလန်ဂါ စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားသလို အာမတ်နဲ့ ဂရင်းဝုဒ်တို့လို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေလည်း ရှိနေပါသေးတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ ဦးစားပေး တောင်ပံကစားသမား စာရင်းမှာ နောက်ဆုံးနေရာကို ရောက်နေတဲ့ အီလန်ဂါကို ရောင်းချကာ အသင်းအတွက် ဝင်ငွေ ရှာဖို့ ဆုံးဖြတ်လိုက်ပြီး အီလန်ဂါကလည်း သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အီလန်ဂါကို ရောင်းချရာ ကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် ရရှိမယ်လို့ ခန့်မှန်းထားပြီး အီလန်ဂါရဲ့ အပြောင်းအရွှေ့ ကနေ ရလာမယ့် ပေါင် ၃၀သန်းကို ဘရိုက်တန်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဖာဂူဆန်ကို ခေါ်ယူရာမှာ ပြန်လည် အသုံးပြုသွားမယ်လို့ သိရပါတယ်။

Photo Credit: The Sun

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အိုင်ယာလန်ကြယ်ပွင့် အီဗန် ဖာဂူဆန်က ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန် အတွက် ပြိုင်ပွဲစုံမှာ ၁၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပြီး ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် ဖြစ်ကြောင်း လူသိရှင်ကြား ဝန်ခံထားသူပါ။

လက်ရှိမှာတော့ ဘရိုက်တန်က ဖာဂူဆန်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး အကယ်၍ ဖာဂူဆန်ကသာ သူတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့မယ် ဆိုရင် ဘရိုက်တန်ဟာ ဖာဂူဆန်ကို ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ရောင်းချနိုင်ပါတယ်။