မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်း ကစားသမားတွေရဲ့ ဒဏ်ရာ ပြသာနာတွေကြောင့် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်အတွင်း နိုက်စ်အသင်းရဲ့ ပြင်သစ် ခံစစ်မှူး တိုဒီဘိုကို ထပ်မံ ကြိုးပမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းမှာ လီဆန်ဒရို မာတီနက်ဇ် အပါအဝင် ဘယ်ခြမ်း ခံစစ်နေရာက ကစားသမား (၃)ဦးလုံး ဒဏ်ရာ ပြသာနာ အသီးသီး ရရှိနေကြတာကြောင့် ဈေးကွက် ပြန်လည် ဖွင့်လှစ်မယ့် အချိန်မှာပဲ ဗဟိုခံစစ်နေရာအတွက် ကစားသမားသစ်တစ်ဦးခန့် ခေါ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ရဲ့ ဗဟို ခံစစ်နေရာမှာ ဗာရန်း လင်ဒီလော့ဖ် မက်ဂွိုင်းယား နဲ့ အီဗန်စ်တို့သာ fit ဖစ်နေကြပေမယ့်လည်း မက်ဂွိုင်းယားရဲ့ အနာဂတ်က မရေရာသေးသလို အီဗန်စ်ကလည်း သူ့အသက်အရွယ် သူရဲ့ခံစစ်စွမ်းရည်တွေက ပွဲတိုင်းနီးပါး အားကိုးမရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။

ဒီအချိန်မှာ ဗာရန်း နဲ့ လင်ဒီလော့ဖ်တို့တောင် ယူနိုက်တက် ခံစစ်အတွက် လုံးဝ စိတ်ချရတဲ့ အခြေအနေမှာတောင် ရှိမနေသေးတာကြောင့် ဆောင်းဈေးကွက် ဖွင့်လှစ်မယ့် ဇန်နဝါရီလအတွင်း နောက်ထပ် ဗဟိုခံစစ်မှူးတစ်ဦးကို ထပ်မံ ဖြည့်တင်းချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Eurosport

တကယ်တော့ ယူနိုက်တက်က ပြီးခဲ့တဲ့နွေမှာ ခံစစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်ထားခဲ့ပြီး အခု ဘိုင်ယန်ကို ရောက်ရှိနေတဲ့ ကင်မင်ဂျေးနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်က တခြား ပစ်မှတ်တွေကိုသာ ဦးစားပေးနေချိန်မှာ CB နရာအတွက် ထပ်မံ ဖြည့်တင်းဖို့ ငွေမလုံလောက်တော့တာမို့ အခုလို ဆောင်းဈေးကွက်မှသာ ဖြည့်တင်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

အခု ယူနိုက်တက် ခေါ်ယူဖို့ စီစဉ်နေတဲ့ တိုဒီဘိုကလည်း ပြီးခဲ့တဲ့ နွေဈေးကွက်ကပဲ ယူနိုက်တက် အလိုရှိခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ရပေမယ့် ဘိုင်ယန်က ပါဗက်ကို ဦးစားပေး ပစ်မှတ်အဖြစ် ပြောင်းလဲခဲ့ရာကနေ တိုဒီဘိုကို မခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ်ကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်လာတဲ့ အခြေအနေတွေကြောင့် ယူန်ိုက်တက်က လာမယ့် ဈေးကွက်ထဲမှာ တိုဒီဘိုကို အရ ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။