ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ ဂျပန်ကြယ်ပွင့် မီတိုမာရဲ့ ခြေစွမ်းကို စောင့်ကြည့် အကဲခတ်ဖို့ ကင်းထောက်တွေ စေလွှတ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဂျပန်လက်ရွေးစင် တောင်ပံကစားသမား မီတိုမာက ၂၀၂၁ခုနှစ်မှာ ဂျပန် ဂျေလိဂ်ကလပ် ကာဝါဆာကီ ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မီတိုမာဟာ ဘရိုက်တန်ထံ ရောက်ရောက်ချင်းမှာပဲ ဘယ်လ်ဂျီယံကလပ် ယူနီယံဆီ တရာသီအငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။

Photo Credit: Telegraph

မီတိုမာက ယူနီယံဆီ တရာသီအငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ဘရိုက်တန်က သူ့ကို ဒီရာသီ အစမှာပဲ အသင်းဆီ ပြန်ခေါ်ခဲ့ပါတယ်။

မီတိုမာက ယူနီယံ ကနေ ဘရိုက်တန်ဆီ ပြန်လာခဲ့ရပေမယ့် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး မီတိုမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန် အတွက် ပြိုင်ပွဲစုံ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Telegraph

လက်ရှိမှာတော့ ဘရိုက်တန်က သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာတဲ့ မီတိုမာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေသလို ဥရောပရဲ့ နာမည်ကြီးကလပ်တွေက မီတိုမာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး မီတိုမာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ၂၀၂၃ခုနှစ် အစမှာပဲ သူတို့ရဲ့ ကင်းထောက် တချို့ကို စေလွှတ်ကာ မီတိုမာရဲ့ ခြေစွမ်းကို စောင့်ကြည့် အကဲခတ်ခိုင်းထားပြီး အကယ်၍ မီတိုမာရဲ့ ခြေစွမ်းကို သဘောကျရင် လာမယ့် နွေဈေးကွက်မှာပဲ မီတိုမာကို ခေါ်ယူဖို့ပါ ပြင်ဆင်ထားကြောင်း သိရပါတယ်။