မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ကက်စီမဲရိုးက သူ့အနေနဲ့ ပြိုင်ဘက် ကစားသမားတွေအပေါ် ဒဏ်ရာ အနာတရ ရရှိစေလိုသော ရည်ရွယ်ချက်မျိုးနဲ့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူးလို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : ESPN

ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စီမဲရိုးဟာ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်နဲ့အတူ ဘောလုံးရာသီ (၉)ရာသီထိ ဖြတ်သန်းထားချိန် straight red card တိုက်ရိုက် အနီကတ် တစ်ကြိမ်မှကို ပြသခံရခြင်း မရှိသေးပေမယ့် မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာချိန်မှာ ကက်စီမဲရိုးက တိုက်ရိုက် အနီကတ် (၂)ကြိမ်တိုင်အထိကို ပြသခံထားရပါတယ်။

Photo Credit : FourFourTwo

ဒီလို အနီကတ် ပြစ်ဒဏ်တွေနဲ့ ပတ်သတ်ပြီး ကက်စီမဲရိုးက “ကျွန်တော့်ဆီမှာ ဆိုးယုတ်တဲ့ စိတ်ထားတွေ မရှိတာကို ဒိုင်လူကြီးတွေ သတိထားမိပါတယ်။ ကျွန်တော်က ဘောလုံး ရယူဖို့ပဲ အမြဲ ကြိုးစားနေတာ။ ကစားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန် ကစားရတာကို သဘောကျတတ်တာမို့ ကျွန်တော် ကစားတိုင်းမှာ မာကျောနိုင်ပေမယ့် မကောင်းတဲ့ စိတ်ထားတွေတော့ ရှိမနေပါဘူး။ ကျွန်တော်ရဲ့ ကစားဟန်ကနေ ကစားသမားတစ်ဦးကို ဒဏ်ရာရသွားအောင် ဘယ်တော့မှ မလုပ်ဆောင်ခဲ့ဘူး။ ကျွန်တော် အမှားအယွင်း လုပ်မိခဲ့ရင် အဲ့ဒီအတွက် ကျွန်တော်ကိုယ်ကျွန်တော် ဒေါသထွက်ရတယ်။ ​ဘာလို့ဆိုတော့ ဒါတွေက ဘောလုံးမှာ မရှိရပါဘူး။ ဘောလုံးမှာ ပြစ်ဒက်ကျုးလွန်တာတွေ လုပ်မိကောင်း လုပ်မိလိမ့်မယ်။ ဒါပေမယ့် ဆိုးယုတ်တဲ့ ပုံစံမျိုးနဲ့ ကစားလို့တော့ မရပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ကက်စီမဲရိုးဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေအတွင်းမှာပဲ အနီကတ် (၂)ကြိမ်အထိ ပြသထားခံခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ပထမဆုံး အနီကတ် ပြသခံခဲ့ရသလို ပြီးခဲ့တဲ့ sunday က ဆောက်သမ်တန်နဲ့ ပွဲစဥ်မှာလည်း အနီကတ်ပြခံခဲ့ရကာ အခုဆို (၄)ပွဲအထိ ပွဲပယ်ခံရတော့မှာပဲ ဖြစ်ပါတယ်။