အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှ ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာအသင်းကို ရှုံးနိမ့်သွားခဲ့ရပြီလို့ ခံစားမိခဲ့ရကြောင်း ယူနိုက်တက် ကစားသမားဟောင်းကြီး အိုဝင်ဟားဂရေ့စ်က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Sevilla vs Manchester United LIVE stream: Result and reaction as Youssef  En-Nesyri brace knocks United out of Europa League | The Independent

Photo Credit : The Independent

ယူနိုက်တက်ဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန်မှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားခဲ့ပေမယ့် ပွဲပြီးခါနီးမှာ အသင်းသားတွေရဲ့ own goals တွေကနေ ချေပဂိုးတွေ ပြန်လည် ခွင့်ပြုရင်း (၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒုကျော့ ပြန်လည် ယှဉ်ပြိုင်ချိန်မှာတော့ ဆီဗီလာအသင်းက ယူနိုက်တက်ကို (၃)ဂိုးပြတ်နဲ့ပင် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို သာသာယာယာနဲ့ တတ်လှမ်းသွားခဲ့ရပါတယ်။

Man United lost Europa League tie to Sevilla 'in second half at Old Trafford',  says Owen Hargreaves | Daily Mail Online

Photo Credit : Daily Mail

ဒီရှုံးပွဲနဲ့ ပတ်သတ်ပြီး ယူနိုက်တက် ကစားသမားဟောင်း ဟားဂရေ့စ်က “အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဒုတိယပိုင်းမှာပဲ ရှုံးပွဲ တွေ့သွားခဲ့ရပါပြီ။ တကယ်ဆိုရင် ပထမပိုင်းမှာကတည်းက (၃) (၄)ဂိုးလောက်အထိ အပြတ် သွင်းယူနိုင်ခဲ့ရမှာ။ ဒီလိုသာဆိုရင် သူတို့ ဒုကျော့ကိုလည်း အေးဆေး ကစားနိုင်မှာ။ အဲ့ဒီအစား ဒီညမှာ အပြစ်ပေးခံလိုက်ရပါပြီ။ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းရဲ့ ကြောက်စရာကောင်းလှတဲ့ ပွဲတွေက (၅)ပွဲ (၆)ပွဲလောက်ကို ရှိခဲ့ပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Football News, Page 1 of 4112 | Goal.com

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ ရာသီအစမှာပဲ ဘရိုက်တန်ကို (4-0) နဲ့ ရှုံးနိမ့်ခဲ့သလို အဲ့ဒီနောက် မန်စီးတီးအသင်းကို (6-3) အက်စတွန်ဗီလာအသင်းကို (3-1) အာဆင်နယ်အသင်းကို (3-1) လီဗာပူးလ်အသင်းကို (7-0) နဲ့ အခု ဆီဗီလာအသင်းကို (3-0) ဆိုတဲ့ ရလဒ်တွေနဲ့ အဝေးကွင်း ပွဲစဉ်တွေမှာ အပြတ်အသတ်ကို အရေးနိမ့်ခဲ့ရပါတယ်။ အခု ဆီဗီလာပွဲက ရလဒ်ဟာ သူ့ကစားသမားတွေရဲ့ လက်ခံနိုင်စရာ မရှိတဲ့ စွမ်းဆောင်မှုများနဲ့ လုံလောက်မှု မရှိတဲ့ အားထုတ်မှုတွေကြောင့် ဖြစ်ပြီး အသင်းပရိသတ်တွေအတွက် ဒီထက်မက ပိုမို ကြိုးစား ကစားပေးသင့်တယ်လို့ နည်းပြတန်ဟက်ဂ်က ပြစ်တင်သွားခဲ့ပါတယ်။