ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ညာနောက်ခံနေရာ အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာပဲ အက်သလက်တီကို မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ ညာနောက်ခံလူ အာရီယက်စ်ကို အလွတ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Fox Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံလူ နေရာမှာ ဒီယေဂို ဒါးလော့နဲ့ ဝမ် ဘစ္စကာတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ အရန်နောက်ခံလူ အဖြစ် ရှိနေတဲ့ ဘစ္စကာက နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်နဲ့ စကားများခဲ့တာကြောင့် တန်ဟက်ဂ်က ဘစ္စကာကို နောက်ထပ် တကြိမ် ထပ်မံ အသုံးမပြုလိုတော့ပဲ ဘစ္စကာရဲ့ နေရာကို အစားဝင်မယ့် နောက်ခံလူ တဦးအား ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ အသက် ၃၀အရွယ် ကိုလံဘီယာ လက်ရွေးစင် ညာနောက်ခံလူ အာရီယက်စ်က အက်သလက်တီကို မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေပြီး အာရီယက်စ်ဟာ လုပ်အားနှုန်း ကောင်းမွန်သလို အသက်အရွယ်အရ ကစားသမား ဘဝ အကောင်းဆုံးအချိန်ကို ရောက်နေတာကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် တူရကီ ကလပ်တွေက ကြိုးစားနေကြပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Fox Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုချက်အရ အာရီယက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာရီယက်စ်ကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုသာ ရမယ် ဆိုရင် ချက်ချင်းပဲ လက်ခံရင် စဉ်းစားထားကြောင်း သိရပါတယ်။

အာရီယက်စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ်ကနေ ဂရန်နာဒါထံ အငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ဂရန်နာဒါ အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးခဲ့ရပြီး သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။