အီတလီ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ RAI Sport က မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားအသင်းရဲ့ မော်ရိုကို လက်ရွေးစင် ကွင်းလယ်ကစားသမား ဆိုဖီယန်အန်မရာဘတ်ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းအတွက် အကောင်းဆုံးသော စွမ်းဆောင်မှုတွေကို ပြသနိုင်ခဲ့တဲ့ ဒီ ကွင်းလယ်ကစားသမားဟာ သူရဲ့ကလပ်အသင်းကိုလည်း ကွန်းဖရန့်စ်လိဂ် ဖိုင်နယ်အထိပါ ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ ကလပ်အသင်းများစွာနဲ့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ ဖီအိုရင်တီးနားမှာသာ ဆက်ရှိနေရတဲ့ အန်မရာဘတ်က အခုတော့ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့ပါတယ်။

Photo Credit : talkSPORT

ယူနိုက်တက်က အသက် (၂၆)နှစ်အရွယ် ကွင်းလယ်လူကို ပြီးခဲ့တဲ့ရာသီ ဆောင်းဈေးကွက်အတွင်းမှာပဲ အငှား ကမ်းလှမ်းမှုနဲ့ ကြိုးပမ်းခဲ့သေးတယ်လို့ အန်မရာဘတ်ရဲ့ အစ်ကိုဖြစ်သူကိုယ်တိုင် အတည်ပြုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ယူနိုက်တက်တို့က အန်မရာဘတ် ဖီအိုရင်တီးနားအသင်းမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခရဲ့ နှစ်ဆလောက်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ အန်မရာဘတ်က လက်ခံလိုက်တာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ယူနိုက်တက် နဲ့ ဖီအိုရင်တီးနားတို့သာ ဆက်လက် ဆွေးနွေးရတော့မယ်လို့ RAI Sport က ဖော်ပြထားပါတယ်။

Mason Mount to Man Utd for £60m makes no sense! Mediocre Chelsea man won't  turn Erik ten Hag's side into title contenders | Goal.com US

Photo Credit : Goal

ယူနိုက်တက်အသင်းက ဒီနွေဈေးကွက်မှာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်တစ်ဦးကို ခေါ်ယူထားနိုင်သေးပြီး ဒီကနေ့မှာပဲ အသင်းနဲ့ ဆေးစစ်မှုတွေ စတင် လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။ ဆက်လက်ပြီးတော့လည်း အင်တာမီလန် ဂိုးသမား အိုနာနာ ၊ အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းနဲ့ ပေါ်တို တိုက်စစ်ကစားသမား တာရေမီတို့ကိုပါ ကြိုးပမ်းလျက် ရှိနေပါတယ်။