ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာစီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အာဂျင်တီးနား စူပါစတား GOAT ကြီး လီယွန်နယ်က်ဆီရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်လို့နေပြီး မက်ဆီသာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘူးဆိုရင်တော့ မက်ဆီကို ခေါ်ယူသွားဖို့ ကြိုးပမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : SportPro

မက်ဆီနဲ့ ဘာစီလိုနာအသင်းမှာ လက်တွဲညီခဲ့တဲ့ နည်းပြပက်ဂွာဒီယိုလာက သူရဲ့လက်ရှိကလပ် မန်စီးတီးအသင်းဆီ မက်ဆီကို ခေါ်ဆောင်ချင်နေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မက်ဆီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်တိုးဖို့ မတိုးဖို့က မသေချာသေးတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဒီအခြေအနေကို မန်စီးတီးဘက်က စောင့်ကြည့်လို့နေပါတယ်။ မက်ဆီကတော့ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲပြီးမှသာ သူရဲ့ စာချုပ်ကိစ္စကို အသေအချာ ဆုံးဖြတ်သွားမယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် သတင်းတချို့မှာတော့ မက်ဆီအနေနဲ့ လာမယ့်နွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာသွားလိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။

Pep Guardiola settles the Lionel Messi vs Erling Haaland debate with  perfect analysis | Football News

Photo Credit : Republic World

သတင်းတွေမှာ ဖော်ပြနေချက်အရ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ သက်တမ်းမတိုးတော့ပဲ သူရဲ့ ကလပ်အသင်းဟောင်း ဘာစီလိုနာဆီကိုသာ ပြန်လည် ပြောင်းရွှေ့လိမ့်မယ်လို့ ဖော်ပြနေပေမယ့် မက်ဆီသာ သူရဲ့ လက်ရှိစာချုပ်ကို သက်တမ်း မတိုးတော့ဘူးဆိုရင် ဘာစီလိုနာနဲ့အပြိုင် မန်စီးတီးကလည်း မက်ဆီကို ခေါ်ယူဖို့ သေချာပေါက် ကြိုးပမ်းလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ တိုက်စစ်မှာ dream attack အစုအဖွဲ့အဖြစ် မက်ဆီ ဟာလန်း အတွဲအဖက်မျိုးကို တည်ဆောက်ချင်နေတာဖြစ်လို့ မက်ဆီသာ ပီအက်စ်ဂျီနဲ့ ဆက်လက် လက်မတွဲတော့ဘူးဆိုရင် ဂွာဒီယိုလာအနေနဲ့ သူ့တပည့်ဟောင်းကြီးကို စီးတီးဆီ အရ ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ နာပိုလီအသင်းမှာ အတော်လေးကို တောက်ပလွန်းနေတဲ့ ဂျော်ဂျီယာကြယ်ပွင့်လေး တောင်ပံကစားသမား ခွာရတ်စကယ်လီယာကိုလည်း အလွန် သဘောကျနေပြီး တခြားသော ဥရောပ ကလပ်အသင်းတွေအပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် နာပိုလီဘက်ကတော့ သူတို့ရဲ့ ကစားသမားလေးကို အသင်းကနေ လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။