မန်ချက်စတာစီးတီးအသင်းက ဘိုင်ယန်မြူးနစ်အသင်းဆီကို လက်လွတ်လိုက်ရပြီဖြစ်တဲ့ နောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ချယ်လ်ဆီး ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ကို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Man City target Ben Chilwell as Joao Cancelo nears exit after Pep Guardiola  bust-up? - Sports Mole

Photo Credit : Sports Mole

ပရီးမီးယားလိဂ်ရဲ့ နောက်ခံအစွန်လူတွေထဲမှာ ဥရောပရဲ့ နောက်ခံအစွန်လူတွေထဲမှာ အကောင်းဆုံး ကစားသမားလို့ သတ်မှတိလို့ရနိုင်မယ့် ပေါ်တူဂီ လက်ရွေးစင် ကန်ဆယ်လိုဟာ မန်စီးတီးရဲ့ main player တစ်ဦး ဖြစ်နေပေမယ့်လည်း နောက်ပိုင်းကာလတွေမှာ အသင်းနည်းပြ ပက်ဂွာဒီယိုလာနဲ့ အဆင်မပြေဖြစ်ပြီးနောက်ပိုင်း ပုံမှန်ကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရင်း နောက်ဆုံးမှာတော့ အသင်းကနေ ထွက်ခွာသွားဖို့ပါ အကြောင်းဖန်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ကန်ဆယ်လိုဟာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွေ့ဖို့ သေချာနေပြီဖြစ်လို့ စီးတီးအနေနဲ့ ကန်ဆယ်လိုနေရာအတွက် အစားထိုးဖို့ ကစားသမားတစ်ဦး ရှာဖွေရတော့မှာပဲ ဖြစ်ပါတယ်။

50m plus KDB, Foden and Haaland' – Chelsea fans react to Chilwell to Man  City rumour | FootballTransfers.com

Photo Credit : Football Tansfers

စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အသင်းမှာ ကန်ဆယ်လို ရှိစဥ်ကတည်းက လူငယ်ကစားသမားလေး လူးဝစ်ကိုသာ ပိုမို နေရာပေးထားပေမယ့်လည်း လူးဝစ်မှာက ပွဲအတွေ့အကြုံတွေ လိုအပ်နေသေးတာကြောင့် ဘယ်နောက်ခံလူတစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ လက်ရှိမှာ စီးတီး ပစ်မှတ်ထားနေတဲ့ ဘယ်ခြမ်းခံစစ် ကစားသမားကတော့ ချယ်လ်ဆီးအသင်းရဲ့ အဂ်လန် left-back player ဘင်ချီဝဲလ်ပါ။ ချီဝဲလ် လက်စတာအသင်းမှာ ကစားစဥ်ကတည်းက သူ့ကို မန်စီးတီးက စိတ်ဝင်စားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက လက်ဦးမှု ရယူပြီး ခေါ်ယူသွားခဲ့တာ ဖြစ်သလို ဒီနှစ်နွေမှာလည်း ကူကူရယ်လာကို ဘရိုက်တန်ကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ အခုလည်း ကန်ဆယ်လိုကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ရလို့ စီးတီးတို့ ဘယ်ခြမ်းကို မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်လာခဲ့ပြီး left-back မှာ ဆာဂျီယိုဂိုးမက်ဇ် တစ်ဦးတည်းသာ ရှိနေတော့သလို ဗဟိုခံစစ်ကစားသမား နာသန်အကီလည်း လိုအပ်ရင် ဘယ်​ခြမ်းမှာ ဝင်ကစားပေးနိုင်ပေမယ့် ကစားသမား ဖြည့်တင်းဖိုကတော့ လိုကို လိုအပ်နေပါတယ်။ ဒါကြောင့် မန်စီးတီးက ချယ်လ်ဆီးမှာ ပွဲကစားခွင့်တွေ နည်းပါးလာခဲ့တဲ့ ဘင်ချီဝဲလ်ကို စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေကိုလည်း ပြုလုပ်လာဖွယ် ရှိနေပေမယ့် အခုဈေးကွက်မှာထက် လာမယ့်နွေဈေးကွက်မှသာ ကမ်းလှမ်းဖွယ်လည်း ရှိနိုင်ပါတယ်။