လာမယ့်ဇွန်လကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အင်္ဂလန် တိုက်စစ်ကစားသမား အက်ဒီအန်ခက်တီယာဟာ လက်ရှိမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် ပြင်သစ်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ လီဂူးကလပ်အသင်းနှစ်သင်းဖြစ်တဲ့ မာဆေးလ်အသင်းနဲ့ လိုင်ယွန်အသင်းတို့က အန်ခယ်တီယာကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

3 reasons Arsenal shouldn't give Nketiah a new deal

Photo Credit : Pain in the Arsenal

အသက်(၂၂)နှစ်အရွှယ် လန်ဒန်မြို့ဖွား အင်္ဂလန်ယူ-၂၁ တိုက်စစ်ကစားသမားလေး အန်ခက်တီယာဟာ ချယ်လ်ဆီး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ၂၀၁၅ခုနှစ်မှာပဲ အာဆင်နယ်အကယ်ဒမီကို ပြောင်းရွှေ့လာခဲ့ကာ အာဆင်နယ်လူငယ်အသင်းအတွက် အတော်လေး စွမ်းဆောင်နိုင်ပေးတာကြောင့် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ အာဆင်နယ်စီနီယာအသင်းအတွက် စတင်ပါဝင်ခွင့် ရလာခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၂၇)ပွဲ ကစားထားပြီး (၁၀)ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ အန်ခက်တီယာဟာ မကြာခင်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်ဘက်က သူတို့ရဲ့ ကစားသမားကို အလွယ်တကူ လက်လွတ်မသွားချင်တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေလျက် ရှိပါတယ်။

Is Eddie Nketiah good enough to be Arsenal's main striker next season? -  Just Arsenal News

Photo Credit : Just Arsenal

ဒီလို အခြေအနေမျိုးမှာ အန်ခက်တီယာကို လီဂူးကလပ်အသင်းတွေဖြစ်တဲ့ မာဆေးလ်နဲ့ လိုင်ယွန်အသင်းတွေက သူတို့အသင်းတွေဆီ ပြောင်းရွှေ့လာဖို့အတွက် အမြတ်များစွာရှိနိုင်တဲ့ စာချုပ်တွေနဲ့ ကမ်းလှမ်းလို့ထားတယ်လို့ သိရပါတယ်။ အန်ခက်တီယာဘက်ကတော့ ဒီကမ်းလှမ်းမှုတွေကို တုံ့ပြန်သွားဖို့ထက် အာဆင်နယ်အသင်းနဲ့သာ ကာလရှည် စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ ဆန္ဒရှိနေပြီး အာဆင်နယ်ကလည်း အန်ခက်တီယာကို အသင်းမှာ ဆက်ထိန်းထားချင်နေသလို အန်ခက်တီယာလိုပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကိုသာ အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ် ရှိနေပါတယ်။ အာဆင်နယ်နဲ့ သက်တမ်းကုန်ဆုံးတော့မယ့် လာကာဇက်ကိုလည်း လိုင်ယွန်အသင်းဘက်က စောင့်ကြည့်လျက်ရှိနေပြီး သူတို့ရဲ့ ကစားသမားဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။