ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက လာမယ့် ၂၀၂၄ခုနှစ် နွေဈေးကွက်မှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

လီဗာပူးက ဘယ်နောက်ခံနေရာမှာ ရော်ဘတ်ဆန် ၊ ဆီမီကတ်စ် စတဲ့ ကစားသမား ၂ဦးကို ပိုင်ဆိုင်ထားပေမယ့် ရော်ဘတ်ဆန်က နောက်ပိုင်းမှာ ဒဏ်ရာတွေ မကြာခဏ ရနေသလို ဆီမီကတ်စ်ရဲ့ ခြေစွမ်းပိုင်းကလည်း အားရစရာ မကောင်းပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက လာမယ့် အပြောင်းအရွှေ့တွေမှာ အသင်းရဲ့ ဘယ်ခြမ်းခံစစ်ကို အားဖြည့်ဖို့ အတွက် စဉ်းစားထားပြီး လီဗာပူးရဲ့ ကင်းထောက်တွေကလည်း အားကိုးရမယ့် ဘယ်နောက်ခံလူတွေကို စတင် ရှာဖွေနေပါတယ်။

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ် ကနေဒါလက်ရွေးစင် ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ဘယ်နောက်ခံလူ အဖြစ် ကာလရှည် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ပေမယ့် သူဟာ လာမယ့် ၂၀၂၄ခုနှစ် နွေဈေးကွက်မှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minရဲ့ ဖော်ပြချက်အရ လီဗာပူးက အယ်ဖွန်ဆို ဒေးဗီးစ်ကသာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး လီဗာပူးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ဒေးဗီးစ်အတွက် စတင် လှုပ်ရှားနေကြကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်က ဒေးဗီးစ်ကို အသင်းမှာ ဆက်ထိန်းသိမ်းချင်နေပေမယ့် ဒေးဗီးစ်ကသာ ယခုနှစ် ဘောလုံးရာသီကုန်ချိန် အထိ စာချုပ်သစ်မှာ လက်မှတ် မထိုးရင် လာမယ့် နွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ဒေးဗီးစ်ကို ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။