လီဗာပူးအသင်းဟာ သူတိုအသင်းရဲ့ အဓိကပစ်မှတ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို လွဲချော်ခဲ့ပြီးတဲ့နောက် ဘရိုက်တန်ရဲ့ အာဂျင်တီးနား ကွင်းလယ်လူ အလက်ဆစ်မက်အယ်လစ္စတာကိုသာ ကြိုးပမ်းလာခဲ့ပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေတယ်လို သိရပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းဟာ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အာသာမယ်လို ဖာဘီယိုကာဗယ်လ်ဟိုတို့ကို ခေါ်ယူခဲ့ပေမယ့် ကာဗယ်လ်ဟိုက AM ကစားသမားတစ်ဦးဖြစ်ပြီး ပွဲကစားခွင့် အနည်းငယ်သာ ရရှိနေသလို မယ်လိုကလည်း သူရဲ့ ဒဏ်ရာပြသာနာတွေ ကြံခိုင်မှု မပြည့်ဝတာတွေနဲ့ အသင်းအတွက် မကစားထားရသလောက်ကို ဖြစ်နေပါတယ်။ ဒါ့အပြင် ဒီရာသီမှာ လီဗာပူးလ်ရဲ့ ကွင်းလယ်ပိုင်းဟာလည်း လိုအပ်ချက်တွေ ဖြစ်ပေါ်နေတဲ့အတွက် လာမယ့်နွေမှာ ထိပ်တန်း ကွင်းလယ်လူ တစ်ဦး နှစ်ဦး မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Livescore

အသင်း ကွင်းလယ်ပိုင်းအတွက် လီဗာပူးလ်တို့ အမှန်တကယ် အလိုရှိခဲ့တာက ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဖြစ်ပြီး လက်ရှိမှာ ဘယ်လင်ဟမ်က ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်တာကြောင့် လီဗာပူးလ်အနေနဲ့ ဘယ်လင်ဟမ်အစား တခြားသော ကွင်းလယ်လူတွေကို ထပ်မံ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။ လတ်တလော ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်တွေအရ လီဗာပူးလ်က ဘရိုက်တန်ရဲ့ ကမ္ဘာ့ချန်ပီယံ ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူဖို့အတွက် ဘရိုက်တန်အသင်းနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

GW27 Differentials: Alexis Mac Allister

Photo Credit : Premier League

အသက်(၂၄)နှစ်အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပြီးတဲ့နေုာက်မှာ သူ့ကို ကလပ်အသင်းတွေက ပိုမို သတိထားမိလာကြပြီး ကစားသမားကိုယ်တိုင်ကလည်း လာမယ့်နွေမှာပဲ ဘရိုက်တန်ကို စွန့်ခွာဖို့က ရာနှုန်းပြည့်နီးပါးလောက်အထိ သေချာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကစားသမားကို လီဗာပူးလ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေကြတာဖြစ်ပြီး ဘယ်အသင်းက လက်ဦးမှု ရယူသွားနိုင်မလည်းဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။