လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်သူ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို လာမယ့်နှစ်မှာ ခေါ်ယူသွားဖို့အတွက် မန်ချက်စတာစီးတီးအသင်းနဲ့အပြိုင် ဖြစ်နေရပေမယ့် မန်စီးတီးက ဒီနှစ်နွေမှာ လိဒ်စ်ယူနိုက်တက် ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူသွားဖွယ် ရှိနေတဲ့အတွက် လီဗာပူးလ်အနေနဲ့ သူတို့အသင်းသာ ဘယ်လင်ဟမ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်လို့နေပါတယ်။

Jude Bellingham could be on his way to Liverpool after Man City edged towards a deal for Kalvin Phillips

Photo Credit : The Sun

လီဗာပူးလ်အသင်းဟာ ဒီနှစ်နွေဈေးကွက်အတွင်းမှာပဲ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ် အပါအဝင် ဆယ်ကျော်သက် ကစားသမားလေးတွေဖြစ်တဲ့ ဖေဘီယိုကာဗယ်လ်ဟို ကယ်လ်ဗင်ရမ်ဆေးတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ ဒီလို ကစားသမားသစ် ခေါ်ယူထားခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အသင်းနည်းပြ ယာဂင်ကလော့ပ်က အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက်ကိုပါ အားဖြည့်သွားဖို့ ဆန္ဒရှိနေပြီး သူသဘောကျ နှစ်သက်ရတဲ့ ကစားသမားလေးဖြစ်သူ ဘယ်လင်ဟမ်ကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေပေမယ့် ဒေါ့မွန်ဘက်က ဒီဈေးကွက်ထဲမှာ ဟော်လန်းရော ဘယ်လင်ဟမ်ကိုပါ တစ်ပါတည်း လက်လွတ်သွားဖွယ် မရှိတာကြောင့် လီဗာပူးလ်အနေနဲ့ ဘယ်လင်ဟမ်ကို လာမယ့်နှစ်မှသာ ကမ်းလှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

Jude Bellingham transfer latest: Liverpool sent message as picture becomes clearer over blockbuster deal

Photo Credit : TEAMtalk

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ အသက်(၁၈)နှစ်သာ ရှိနေသေးတဲ့ အင်္ဂလန်ဆယ်ကျော်သက် လူငယ်ကစားသမားလေး ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းပိုင်းတွေကို အလွန်နှစ်သက်သူဖြစ်ပြီး လွန်ခဲ့တဲ့တစ်နှစ်ခန့်ကပဲ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါသေးတယ်။ ကလော့ပ်နဲ့အတူ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကလည်း ဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို သဘောကျနေတာကြောင့် အသင်းဆီ ခေါ်ဆောင်ချင်နေပြီး ဒီနှစ်နွေမှာလည်း ဘယ်လင်ဟမ်ရဲ့ ဒေါ့မွန်အသင်းဖော်ဟောင်း ဟော်လန်းကိုပါ ခေါ်ယူထားနိုင်ခဲ့တာကြောင့် ဟော်လန်းရဲ့ အကူအညီနဲ့ ဘယ်လင်ဟမ်ကို လာမယ့်နှစ်မှာ ခေါ်ယူနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ရာသီမှာပဲ အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုကို လက်လွတ်ထားရပြီ ဖြစ်တာကြောင့် သူ့နေရာမှာ အစာထိုးဖို့အတွက် အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို အဓိက ပစ်မှတ်ထားနေတာဖြစ်လို့ ဖီးလစ်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့က ဖြစ်လာနိုင်ဖွယ် နည်းသွားရပါလိမ့်မယ်။ ဒါကြောင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် လီဗာပူးလ် တစ်သင်းတည်းကသာ ရေပန်းအစားဆုံး ဖြစ်နေရပြီး လာမယ့်နှစ်မှာ အရခေါ်ယူသွားဖွယ် ရှိနေပါတယ်။