တစ်ချိန်တုန်းက အိုးထရက်ဖို့ဒ်ကွင်းကြီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ အချိန်အတန်ကြာ ကျင်လည်ခဲ့ဖူးတဲ့ အင်္ဂလန် ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ဒီနေ့ညမှာတော့ ယူနိုက်တက်အသင်းကို ပြိုင်ဘက်အဖြစ် ပြန်လည် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Lingard hits out at Man United - and former boss Solskjaer - on the eve of his  Old Trafford return | Daily Mail Online

Photo Credit : Daily Mail

ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် ပရီးမီးယားလိဂ်ကို တန်းတတ်လာခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဆီ free transfer နဲ့ ပြောင်းရွှေ့ခဲ့တဲ့ လင်ဂတ်ဟာ ဒီနေ့ညမှာပဲ အိုးထရက်ဖို့ဒ်ဆီကို ပြိုင်ဘက်အသင်းသားတစ်ဦးအဖြစ်နဲ့ ပြန်လည် ရောက်လာတော့မှာဖြစ်ပြီး ယူနိုက်တက်နဲ့လည်း ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ အသက်(၇)နှစ်အရွယ်ကတည်းက ရောက်ရှိနေခဲ့တဲ့ လင်ဂတ်ဟာ လက်စတာ ဘာမင်ဂမ် ဘရိုက်တန် ဒါဘီ ဝက်စ်ဟမ်းတို့မှာ အငှားနဲ့ ကစားခဲ့ရသလို ယူနိုက်တက်အတွက်ကိုလည်း ပွဲပေါင်း (၂၃၂)ပွဲအထိ ပါဝင်ကစားပေးထားခဲ့ရပါတယ်။

Lingard hits out at Man United - and former boss Solskjaer - on the eve of his  Old Trafford return | Daily Mail Online

Photo Credit : Daily Mail

အခု ယူနိုက်တက်နဲ့ ပြန်လည် ရင်ဆိုင်ရတော့မယ့် လင်ဂတ်က အသင်းဟောင်းနဲ့ ပတ်သတ်ပြီး “ဘာကြောင့် ကျွန်တော် ကစားခွင့် မရခဲ့တာလဲဆိုတာ မသိပါဘူး။ ဘာပြသာနာတွေ ရှိနေသလဲဆိုတာကိုလည်း ကျွန်တော် မသိဘူး။ ဒီနေ့အထိလည်း အဖြေမရသေးပါဘူး။ ကျွန်တော် မေးတောင်မမေးခဲ့ရဘူး။ ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး ကစားဖို့အတွက်လည်း အဆင့်သင့်ဖြစ်နေအောင် sharp ဖြစ်နေတဲ့အထိ ကြိုးပမ်းခဲ့ပေမယ့် ဒါက ကျွန်တော့်အတွက်တော့ မှားယွင်းတဲ့ ကတိတွေ ဖြစ်သွားခဲ့တယ်။ အခု ယူနိုက်တက်နဲ့ ဆုံတွေ့ရမယ့် ပွဲစဉ်က နှုတ်ဆက်ရဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အဲ့ဒါကို ဘယ်တော့မှ တကယ်မရခဲ့ဖူးလို့ပါ။ ဒီလို နှုတ်ဆက်ခွင့်ရမယ်ဆိုရင် ကြည်နူးစရာကောင်းတဲ့ အချိန်အခါ ဖြစ်လာလိမ့်မယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ ဒီပွဲကိုတော့ အနိုင်ရချင်ပါတယ်။ စိတ်ခံစားချက်တွေ အရမ်းကြီး နေရာယူထားလို့လည်း မဖြစ်ပါဘူး” လို့ ပြောဆိုလာခဲ့ပါတယ်။ နော်တင်ဟမ်အသင်းနဲ့ တစ်ရာသီ စာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့ အသက်(၃၀)အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ လက်ရှိ နော်တင်ဟမ်အတွက် ပရီးမီးယားလိဂ် (၁၃)ပွဲ ကစားထားခဲ့ပေမယ့် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှ လုပ်ဆောင်ထားနိုင်ခြင်း မရှိသေးပဲ လိဂ်ဖလား(၂)ပွဲမှာပဲ နော်တင်ဟမ်အတွက် (၂)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။