အူစမန်ဒမ်ဘီလီကို သက်တမ်းတိုးပြီး ရာဖင်ညာကို လိဒ်စ်ယူနိုက်တက်အသင်းကနေ ခေါ်ယူထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အခုလည်း အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ပိုလန်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့အတွက် အလုံးစုံ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

ဘိုင်ယန်မြူးနစ်အသင်းရဲ့ main player ကြီး လီဝန်ဒေါစကီးဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းနဲ့ စာချုပ်မကုန်ဆုံးခင်မှာပဲ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ လီဝန်ဒေါစကီးလို ကစားသမားမျိုးကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ များစွာရှိနေတဲ့ကြားက ကစားသမားကိုယ်တိုင်ကတော့ ကတ်တလန်ကလပ် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ဆန္ဒရှိခဲ့ပါတယ်။ အခုတော့ လီဝန်ဒေါစကီးဟာ ဒီ weekend အတွင်းမှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုမှုတွေကို လုပ်ဆောင်သွားတော့မှာဖြစ်ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

ဘာစီလိုနာနဲ့ လီဝန်ဒေါစကီးတို့ကြားမှာ သဘောတူညီမှု ရရှိထားခဲ့ပေမယ့်လည်း လီဝန်ဒေါစကီးရဲ့ ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမှု ပြုလုပ်ရာမှာတော့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကြား သဘောတူညီမှု ရရှိဖို့ အတော်လေးကို ဆွေးနွေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ပိုလန်ဂိုးမုဆိုးကြီးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)+အပိုုဆုကြေးဆိုတဲ့ ကမ်းလှမ်းမှုနဲ့ အဆင်ပြေသွားခဲ့ရပြီး လီဝန်ဒေါစကီးဟာလည်း ကတ်ဆေး ခရစ္စတန်ဆန် ရာဖင်ညာတို့နောက် ဘာစီလိုနာအသင်းဆီ ရောက်ရှိလာမယ့် စတုတ္ထမြောက် ကစားသမားသစ် ဖြစ်လာပါတော့မယ်။ အသက်(၃၃)နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင် အထောင်တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းအပြင် ပီအက်စ်ဂျီ ချယ်လ်ဆီးအသင်းတွေကလည်း ခေါ်ယူချင်နေခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဒီအသင်းတွေကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့သလို ဘိုင်ယန်မှာ ဆက်နေဖို့နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကိုပါ ပယ်ချခဲ့ပါတယ်။ အခုဆိုရင်တော့ လီဝန်ဒေါစကီးဟာ သူအရမ်းကို ပြောင်းရွှေ့ချင်နေတဲ့ ဘာစီလိုနာကို ရောက်ရှိလာခဲ့ရပြီဖြစ်ပြီး ဘာစီလိုနာကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အူဘာမီယန်း ရာဖင်ညာ ဒမ်ဘီလီ ဒီပိုင်း ဖယ်ရန်တောရက်စ် ဖာတီ ဘရေ့ဝိတ် အက်ဒီတို့အပြင် အခု လီဝန်ဒေါစကီးပါ ရောက်ရှိလာတော့မှာဖြစ်လို့ ဒီပိုင်း ဘရေ့ဝိတ်နဲ့ အက်ဒီတို့ (၃)ဦးကိုတော့ အသင်းကနေ ပြန်လည်ရောင်းထုတ်သွားဖွယ် ရှိနေပြီး no(9) role အတွက် လီဝန်ဒေါစကီးနဲ့ အူဘာမီယန်းတို့ အားပြိုင်ရဖွယ် ရှိနေပါတယ်။