ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီကို တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာအသင်းက မန်ချက်စတာစီးတီး နည်းပြကြီး ပက်ဂွာဒီယိုလာရဲ့ တပည့်ကျော် အန်ဇိုမာယေစကာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားတော့မယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက် (၄၃)နှစ်အရွယ်ရှိ အီတလီလူမျိုး ဘောလုံးသမားဟောင်းနဲ့ လက်ရှိမှာ မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသူ မာယေစကာဟာ ကစားသမားဘဝတုန်းက ကလပ်အသင်းများစွာမှာ ကျင်လည်ခဲ့ဖူးပြီး ၂၀၁၇ နှစ်အစပိုင်းမှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ကာ နည်းပြနယ်ပယ်ထဲကို စတင် ခြေချလာခဲ့ပါတယ်။ မန်စီးတီး အရန်အသင်းနဲ့ ပါးမားအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ မာယေစကာဟာ ၂၀၂၂ခုနှစ်ကနေ စတင်ပြီး မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ဖြစ်ခဲ့ပါတယ်။

Photo Credit : Twitter

မာယေစကာကို လက်ရှိမှာတော့ လက်စတာအသင်းက သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကြိုးပမ်းလာခဲ့ပြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရတော့ မာယေစတာဟာ လက်စတာ နည်းပြ ဖြစ်လာဖို့ အလွန် နီးစပ်နေပြီလို့ သိရပါတယ်။ လက်စတာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ အသင်းနည်းပြ အပြောင်းအလဲတွေ လုပ်ဆောင်ထားခဲ့ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာစ်ကို ရာထူးက ထုတ်ပယ်ခဲ့ကာ ဒင်းစမစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပါတယ်။ အခုတော့ ဒင်းစမစ်လည်း လက်စတာနဲ့ လမ်းခွဲလိုက်ရပြီဖြစ်လို့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် မာယေစကာကို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။ မာယေစကာကလည်း လက်စတာရဲ့ ချဉ်းကပ်မှုကို လက်ခံသွားဖို့ စဉ်းစားနေပြီး လက်စတာ နည်းပြရာထူးကို ရယူသွားဖွယ် ရှိနေပါတယ်။