လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် မော်ဒိုဗာကလပ် ရှာရစ်ဖ်အသင်း နည်းပြဖြစ်သူ စတီဖန်တိုမက်စ်က သူတို့အသင်းဟာ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆင်နွဲထားပြီး ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးက်ိုပါ အနိုင်ယူထားခဲ့ပြီး ဥရောပ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်တယ်လို့ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

Sheriff Tiraspol's win over Real Madrid can be celebrated and lamented at  the same time

Photo Credit : ESPN

ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ရီးယဲလ်အသင်းကို ဘာနေဗျူးကွင်းမှာပါ အနိုင်ယူခဲ့တဲ့ မော်ဒိုဗာကလပ် ရှာရစ်ဖ်အသင်းရဲ့ စွမ်းဆောင်ရည်က ဘောလုံးကမ္ဘာတစ်ခုလုံးကို အံ့အားသင့်စေခဲ့သလို အခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွဲနေခဲ့ရာမှာလည်း ရှာရစ်ဖ်က နောက်ထပ် ဥရောပရဲ့ နာမည်ကျော်ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ထပ်မံ တွေ့ဆုံနေခဲ့ပါတယ်။ ဒီရာသီ ယူရိုပါလိဂ် အဖွင့်ပွဲမှာ အိုမိုးနီးယားကို အနိုင်ယူထားခဲ့တဲ့ ရှာရစ်ဖ်ဟာ ကြာသပတေးနေ့မှာပဲ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်(၂)ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယူနိုက်တက်ကို ရင်ဆိုင်ဖို့အတွက် သူတို့မှာ အတွေ့အကြုံကောင်းတွေ ရှိနေပြီလို့လည်း ရှာရစ်ဖ်နည်းပြတိုမတ်စ်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Göztepe'de Tomas dönemi sona erdi

Photo Credit : AA

ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်နဲ့ ပတ်သတ်ပြီး တိုမတ်စ်က “မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးအသင်းပါ။ ဒီတစ်ပတ်မှာ သူတို့ မကစားဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ဘာသာ ပြင်ဆင်ထားဖို့သာ လိုအပ်ပြီး ရလာမယ့် အခွင့်အရေးတွေကို အခွင့်ကောင်းရယူဖို့ ကြိုးစားရပါမယ်။ အရေးအကြီးဆုံး ကျွန်တော်တို့တွေ ခံစစ်ပိုင်းကို ဘယ်လိုကစားမလဲ ဆိုတာပါ။ ကျွန်တော်တို့အတွက် အခိုက်အတန့်လေးတွေ ရှိရပါလိမ့်မယ်။ ပေါ်လာမယ့် အခွင့်အရေးလေးတွေကိုလည်း အသုံးချနိုင်ရမယ်။ ယူနိုက်တက်လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်ကစားရတာက ကြီးမားတဲ့ တွန်းအားတစ်ခုပါပဲ။ ရော်နယ်လ်ဒို ကစားနိုင်မလား မကစားနိုင်ဘူးလားဆိုတာတော့ မသိပါဘူး။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူခဲ့တယ်။ အခု ကျွန်တော်တို့က အတွေ့အကြုံရှိတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။ ကျွန်တော်တို့က ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ပွဲတော်တော်များများလည်း ကစားထားပြီးပါပြီ။ ကျွန်တော်တို့မှာ ဥရောပ အတွေ့အကြုံတွေ ပိုင်ဆိုင်နေပြီလို့ ထင်ပါတယ်” ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ရှာရစ်ဖ်က ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း အုပ်စုအဖွင့်မှာ ရလဒ်ကောင်းတစ်ခု ရယူထားခဲ့ပေမယ့်လည်း ယူနိုက်တက်ကတော့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ အဖွင့်ပွဲမှာ လာလီဂါကလပ် ဆိုစီဒက်ကို ရှုံးနိမ့်ထားခဲ့ရပါတယ်။