ဆော်ဒီလိဂ် အယ်လ်ဟီလာအသင်းရဲ့ နောက်ခံ ကစားသမား ကူလီဘလီက သူ့အနေနဲ့ ချယ်လ်ဆီးကနေ ထွက်ခွာလာရတာကို နောင်တ မရမိကြောင်းနဲ့ နေမာလို ကစားသမားမျိုးနဲ့ အသင်းဖော်တွေ ဖြစ်နေရတာ တွဲကစားရတာကလည်း အရမ်း ထူးရှယ်ဖြစ်နေရကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဆီနီဂေါ လက်ရွေးစင် နာပိုလီ ကစားသမားဟောင်းကြီး ကူလီဘလီဟာ ဒီနွေမှာပဲ ချယ်လ်ဆီးကနေ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူက လက်ရှိ အယ်လ်ဟီလာအသင်းမှာ အစစအရာရာ အဆင်ပြေနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : SPORT

“ဒီနိုင်ငံနဲ့ မြို့တွေကတောင် ကျွန်တော့်ကို အံ့အားသင့်စေရတယ်။ ဒီမှာ နေထိုင်ရတာကလည်း အရမ်းကောင်းပါတယ်။ လူတွေကလည်း လေးစားမှု ရှိကြပါတယ်။ ချက်ချင်းဆိုသလို သက်တောင့်သက်သာလည်း ရှိစေရတယ်။”

“ရာသီဥတုက အနည်းငယ် ပူပေမယ့်လည်း အံသြဖွယ် အတွေ့အကြုံတစ်ခုကို ရရှိစေတယ်။ ပူလွန်းလို့ ကျွန်တော်တို့တွေ ညနေ (၇)နာရီ (၈)နာရီလောက်မှပဲ လေ့ကျင့်ခန်းဆင်းနိုင်ကြပါတယ်။ ဒီမှာ အသစ်အဆန်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့လည်း တွဲဖက် ကစားခွင့်လည်း ရရှိခဲ့ပါတယ်။”

Photo Credit : Twitter X

“နေမာဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်ပြီးတော့ ကျွန်တော်နဲ့ တွဲကစားဖူးတဲ့ ကစားသမားတွေထဲမှာလည်း အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ကျွန်တော်တို့တွေ သူ့ကို ထင်နေကြတာကလည်း မှားယွင်းနေတယ်။ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြတဲ့ ပုံစံနဲ့ သူရဲ့အပြင်ပုံစံက မတူညီပါဘူး။”

“သူက ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမားပါ။ ရာနှုန်ူပြည့် မဟုတ်သေးရင်တောင် သူက ပိုပြီး တိုးတက်လာဦးမှာ။ သူက မာနလည်း မကြီးတက်သလို ပျော်ပျော်လည်း နေတက်တဲ့သူတစ်ဦးပါ။ ပရိသတ်တွေ သူနဲ့အတူ ဓါတ်ပုံရိုက်ကူးချင်တယ်ဆိုရင်လည်း အမြဲတမ်းခွင့်ပြုပေးတတ်ပါသေးတယ်။” လို့ ကူလီဘလီက ပြောဆိုလာခဲ့ပါတယ်။