ဝှေးစေ့အကျိတ်ကင်ဆာကြောင့် ကာလအတန်ကြာ အနားယူသွားရတော့မယ့် တိုက်စစ်ကစားသမား ဆီဘက်စတီယန်ဟယ်လာရဲ့ နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် ကစားသမားတွေကို ဒေါ့မွန်ဘက်က ရှာဖွေလျက် ရှိနေရာ အခု လက်ရှိမှာတော့ ဘွန်ဒစ်လီဂါကလပ် ကိုလုံးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အန်တိုနီမိုဒက်စ်တေနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

Dortmund will sign replacement for cancer-stricken Haller in next few days,  says Watzke | Goal.com

Photo Credit : Goal

နွေဈေးကွက်အတွင်း အိုင်းယတ်စ်ကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်လာဟာ သူရဲ့အသင်းသစ် ဒေါ့မွန်အတွက် တစ်ပွဲမှကို မကစားပေးရသေးချိန်မှာ မမျှော်လင့်ပဲ ဝှေးစေ့အကျိတ်ကင်ဆာ ဖြစ်ပွားမှုကြောင့် ကုသမှု ခံယူဖို့အတွက် အချိန်အတန်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒေါ့မွန်ကလည်း မန်ချက်စတာစီးတီးအသင်းဆီ ရောက်ရှိသွားပြီဖြစ်တဲ့ အာလင်းဟော်လန်းရဲ့နေရာမှာ ဟယ်လာနဲ့ အစားထိုးဖို့ စီစဉ်ထားခဲ့ပေမယ့် ဟယ်လာကိုယ်တိုင်က ကင်ဆာဝေဒနာကြောင့် အနားယူရတော့မှာဖြစ်လို့ ဟယ်လာနေရာမှာပါ ထပ်မံ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦး လိုအပ်လာခဲ့ရပါတယ်။

Image

Photo Credit : Twitter

တိုက်စစ်ကစားသမားတစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့တဲ့ ဒေါ့မွန်အသင်းဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဟေင်းကြီး ကာဗာနီ အပါအဝင် အီကာဒီ ဂျက်ကို ပီယွန်တက်ခ်တို့လို ကစားသမားတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘွန်ဒစ်လီဂါ အတွေ့အကြုံရင့် ကိုလုံး တိုက်စစ်မှူးကြီး မိုဒက်စ်တေကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်ကစားသမားကြီး မိုဒက်စ်တေဟာ လီဂူးကလပ် နိုက်စ်အသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဟော်ဖန်ဟင်မ် ကိုလုံးအသင်းတွေနဲ့ ဘွန်ဒစ်လီဂါမှာ ပွဲပေါင်း(၂၀၀) ပါဝင်ခဲ့သလို (၈၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ အသက်အရွယ်အရ အကျပိုင်းကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီက ကိုလုံးအသင်းအတွက် ဘွန်ဒစ်လီဂါဂိုး (၂၀)အထိ သွင်းယူနိုင်ခဲ့တဲ့ မိုဒက်စ်တေဟာ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အန်ကွန်ကူနဲ့အတူ အဆင့်(၄)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ မိုဒက်စ်တေဟာ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေပါ ခံယူနေပြီလို့ သိရပါတယ်။