မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိုရှုအာ ကင်မစ်ချ်ကို နွေရာသီ ဈေးကွက်အတွက် ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ Sport သတင်းစာရဲ့ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေမှာ အသင်းက ဝါရင့် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကက်စီမဲရိုးနဲ့ အဲရစ်ဆင်တို့ကို အသင်းကနေ ရောင်းထုတ်ရဖွယ် ရှိနိုင်တဲ့အတွက် သူတို့နေရာမှာ ပြန်လည် ဖြည့်တင်းဖို့ ကစားသမားသစ်တွေ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အဲ့ဒီအတွက်လည်း ယူနိုက်တက်က ကွင်းလယ်ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိနေသလို အခု စပိန်သတင်းစာ Sport က ဖော်ပြလာချက်အရ ယူနိုက်တက်ဟာ ဘိုင်ယန်ရဲ့ ဂျာမနီ ကွင်းလယ်လူ ကင်မစ်ချ်ကို အသင်းရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အသက် (၂၉)နှစ်အရွယ် ဂျာမနီ ကွင်းလယ်လူ ကင်မစ်ချ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အခုဆိုရင်ပဲ ဘိုင်ယန် ကစားသမားအဖြစ် ကျင်လည်နေခဲ့တာက ဆယ်စုနှစ်တစ်ခု နီးပါးလောက်အထိတောင် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ကင်မစ်ချ်က လက်ရှိ ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်နဲ့ သိပ်အဆင်မပြေသလို ဖြစ်နေရတဲ့အပြင် အသင်းကနေပါ ထွက်ခွာချင်လာခဲ့တာကြောင့် သူ့အခြေအနေကို ယူနိုက်တက် အပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းတိုင်းလိုလိုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်လာခဲ့ပါတယ်။

ကင်မစ်ချ်ကို လိုက်ပ်ဇစ်ကနေ ဘိုင်ယန်ဆီ ခေါ်ဆောင်ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာကလည်း သူ့တပည့်ဟောင်းကို မန်စီးတီးအသင်းဆီ ခေါ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့် မြို့ခံကလပ် ယူနိုက်တက်က ကက်စီမဲရိုးနေရာမှာ ကင်မစ်ချ်နဲ့ အစားထိုးဖို့အတွက် အသေအချာ စီစဉ်လို့ထားပြီး နွေရာသီ အရ ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။