ဂျုဗင်တပ်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် personal agreed ဖြစ်ထားတဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖန် အမ်မရာဘတ်ကို ကြားဖြတ် ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းနဲ့ မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘတ်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပေမယ့်လည်း အခုချိန်ထိ ယူနိုက်တက်ဘက်က အမ်မရာဘတ်အတွက် တရားဝင် ကမ်းလှမ်းမှုတွေ မရှိသေးပဲ အပြောင်းအရွှေ့က ကြန့်ကြာနေရပါတယ်။

Photo Credit : Liga Olahraga

ယူနိုက်တက်က အသင်းရဲ့ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ဖရက် နဲ့ ဗန်ဒယ်ဘိခ်တို့ နှစ်ဦးကို အသင်းကနေ ရှင်းထုတ်ပြီးမှသာ အမ်မရာဘတ်အတွက် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ဖို့ စီစဉ်ထားရာ အမ်မရာဘတ်ကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေရပါတယ်။

လက်ရှိမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဖရက်က တူရကီကလပ် ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပေမယ့် ဗန်ဒယ်ဘိခ်နဲ့ ဆိုစီဒက်အသင်းတို့ရဲ့ အပြောင်းအရွှေ့က ခုထိ ဆွေးနွေး ညှိနှိုင်းနေဆဲသာ ရှိနေပြီး အငှား အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ကြန့်ကြာနေတဲ့အတွက် အမ်မရာဘတ် အပြောင်းအရွှေ့ကိုပါ သွားပြီး သက်ရောက်နေရပါတယ်။

Photo Credit : Football365

ဒီအချိန်မှာ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်က ဇာကာရီယာကို မိုနာကိုအသင်းဆီ လက်လွတ်ရတော့မှာဖြစ်လို့ သူ့နေရာမှာ အမ်မရာဘတ်နဲ့ ပြန်လည် အစားထိုးဖို့ စိတ်ဝင်စားလာခဲ့တာပဲ ဖြစ်ပါတယ်။

အမ်မရာဘတ်ကိုယ်တိုင်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ ကမ်းလှမ်းလာသမျှတွေကို ပယ်ချထားခဲ့ပေမယ့်လည်း အခုက ပွဲတွေလည်း ပြန်လည် ကစားနေရချိန် ဖြစ်နေသလို ဈေးကွက်ပိတ်ဖို့ကလည်း အချိန် သိပ်မကျန်တော့တာကြောင့် ယူနိုက်တက်သာ လက်နှေးနေမယ်ဆိုရင် အမ်မရာဘတ်ကိုလည်း တစ်သင်းသင်း ဖြတ်လုသွားဖွယ် ရှိလာနိုင်ပါတယ်။