ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး အဒါဂူလာကတော့ သူရဲ့ ရီးယဲလ် ကစားသမားဘဝ ပွဲဦးထွက် ဘောလုံးရာသီမှာ တူရကီ ဘောလုံးလောကအတွက် အခမ်းနားဆုံး စံချိန်မှတ်တမ်းသစ် တစ်ခုကို စိုက်ထူလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ တူရကီ ဆယ်ကျော်သက် ကွင်းလယ်တိုက်စစ်ကစားသမားလေး ဂူလာဟာ ၂၀၂၃-၂၄ ဘောလုံးရာသီရဲ့ နွေဈေးကွက်ကမှ ဖီနာဘာချီအသင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း(၂၀)နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Transfermarket

ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ပါဝင်ကစားတက်တဲ့ ဂူလာဟာ ဖီနာဘာချီကနေ ရီးယဲလ်လို ကမ္ဘာ့ထိပ်တန်း အသင်းကြီးဆီ ပြောင်းရွှေ့ခဲ့ပေမယ့် ကြွက်သားဒဏ်ရာ ၊ ပေါင်ဒဏ်ရာ ၊ ဒူးဒဏ်ရာတွေကြောင့် ၂၀၂၄ခုနှစ် နှစ်စပိုင်းမှသာ ရီးယဲလ်အတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရပါတယ်။

ဂူလာဟာ သူရဲ့ ရီးယဲလ် ကစားသမားဘဝ တာထွက်မှာ ပြိုင်ပွဲစုံ (၁၂)ပွဲလေးသာ ကစားခဲ့ရပြီး ပွဲအများစုမှာလည်း လူစားဝင်အဖြစ်နဲ့ပဲ ကစားခဲ့ရပေမယ့် လာလီဂါ သွင်းဂိုး (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာပါ တစ်မိနစ်လေးတောင် မကစားထားရပဲ ချန်ပီယံလိဂ် ကစားသမားစာရင်းမှာ ထည့်သွင်းခံထားရတာကြောင့် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရရှိခဲ့ရပါတယ်။

Photo Credit: Turkiye Newspaper

တကယ်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီကို တက်လှမ်းခွင့် ရရှိခဲဲ့တဲ့ ကစားသမားတွေထဲ ဆာဟင် ၊ အယ်လ်တင်တော့တို့လို တူရကီ ကစားသမားတွေ ရှိခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပိုင်ဆိုင်နိုင်တဲ့ တူရကီ ကစားသမားဆိုလို့ တစ်ဦးတစ်ယောက်မှကို မရှိသေးပဲ ဖြစ်နေပါတယ်။

ဒီအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို တစ်မိနစ်မှ မကစားရပဲ ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးယဲလ်အသင်းရဲ့ ချန်ပီယံလိဂ် ကစားသမားစာရင်းမှာ ထည့်သွင်းခံခဲ့ရတဲ့ ဂူလာက တူရကီ ဘောလုံးသမားတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်ခွင့် ရရှိခဲ့တဲ့ ကစားသမားဆိုပြီး စံချိန်သစ် ရေးထိုးနိုင်လိုက်ပါတယ်။