ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဝုလ်ဗ်အသင်းကို (၂)ဂိုး (၄)ဂိုးနဲ့ အရှက်တကွဲနဲ့ အရှုံးပေးခဲ့ရပြီးနောက်ပိုင်း ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး အသင်းပရိသတ်တွေ အားလုံးထံ အသေအချာ တောင်းပန်စကား ဆိုချင်ပါကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေထဲ လီဗာပူးလ် ဝုလ်ဗ်အသင်းတို့ ပေးဂိုး (၄)ဂိုးစီ ခွင့်ပြုရင်း ရှုံးပွဲတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရလို့ အခုဆိုရင် ပိုချက်တီနိုရဲ့ အနာဂတ် အခြေအနေဟာလည်း တော်တော်လေးကို ဝေဝါးသထက် ဝေဝါးလာခဲ့ရပါတယ်။

Photo Credit : Football London

ဝုလ်ဗ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ချယ်လ်ဆီး ပရိသတ်တွေအပြင် ချယ်လ်ဆီးရဲ့ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ ဇနီးသည်ကပါ ပိုချက်တီနိုကို ရည်ရွယ်ပြီး ချယ်လ်ဆီးအသင်းအနေနဲ့ အပြောင်းအလဲ လုပ်ဆောင်လိုက်သင့်တယ်လို့ မှတ်ချက်စကားပါ ဆိုသွားခဲ့ပါသေးတယ်။

ပိုချက်တီနိုကတော့ “ကျွန်တော် အသင်းပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ဒီရှုံးပွဲက ကစားသမားတွေအတွက် ကျွန်တော်တို့အတွက် အသင်းပရိသတ်တွေအတွက်နဲ့ အားလုံးအတွက် ခက်ခဲခဲ့ရပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ မလုပ်သင့်တဲ့ အမှားတချို့ကိုပါ လုပ်ဆောင်မိခဲ့တယ်။ အရမ်းစိတ်ပျက်မိပါတယ်။”

Photo Credit : Football365

“ကျွန်တော် ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုး (၂)ဂိုးဆိုရင် ဘယ်လိုမှကို ခွင့်ပြုသင့်တဲ့ ပုံစံတွေနဲ့ ခွင့်ပြုပေးခဲ့ရတယ်။ ဒါဟာ လီဗာပူးလ်နဲ့ပွဲပြီးနောက်ပိုင်း အသင်းထံ အရမ်းသက်ရောက်စေခဲ့တဲ့ ခံစားချက်ကြောင့်ပါပဲ။ ဒီနေ့ပွဲက ကစားသမားတွေရော ကျွန်တော်တို့တွေပါ လုံလောက်တဲ့ ကောင်းမွန်မှုမျိုးမှာ ရှိမနေကြဘူး။”

“လက်ရှိမှာတော့ ဒါက အမှန်တရားပါပဲ။ ဒီနေ့ပွဲမှာ ကျွန်တော် တစ်သင်းလုံးက ဘာမှ လုံလုံလောက်လောက် ကောင်းမနေသေးဘူး ဆိုတာကို ပြသသွားသလိုပါပဲ။ ဒီလို အခြေအနေတွေကိုလည်း ကျွန်တော် ကောင်းမွန်အောင် မစီမံနိုင်ခဲ့ကြဘူး။ ကျွန်တော်တို့တွေ ကိုယ်တိုင် ဝေဖန်သုံးသပ်ပြီး အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲဝင်သွားရပါမယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။