မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိမှာ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုပေါင်းများစွာအတွက် စွဲချက်တင်ထားခံနေရပေမယ့်လည်း သူကတော့ အသင်းမှာသာ ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ကတိပြု ပြောဆိုသွားခဲ့ပါတယ်။

Pep Guardiola has vowed to stay at the helm of Manchester City despite the club facing 115 charges over alleged financial breaches

Photo Credit : Daily Mail

နည်းပြ ဂွာဒီယိုလာက အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနဲ့ ပတ်သတ်ပြီး သူ့အပေါ် လိမ်လည်ထားသည်များ ရှိနေတာကို သူ သိခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားမယ်လို့ ၂၀၂၂ခုနှစ် မေလတုန်းက ပြောကြားထားခဲ့ဖူးပေမယ့်လည်း လက်ရှိမှာ မန်စီးတီးအသင်းက ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကြောင်းကိစ္စများအတွက် (၄)နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေအပြီး ပရီးမီးယားလိဂ်ဘက်ကနေ တရားစွဲဆိုခြင်း ခံနေရချိန် ဂွာဒီယိုလာက သူ့အနေနဲ့ အသင်းမှာပဲ ဆက်ရှိနေသွားမယ်လို့ ပြောဆိုလာပြန်ပါတယ်။

Photo Credit : Sky Sports

“ကျွန်တော် နည်းပြထိုင်ခုံပေါ်ကနေ စွန့်ခွာသွားမှာ မဟုတ်ဘူး။ အရင်ထက်ပိုပြီး ဆက်ရှိနေချင်တယ်ဆိုတာ အာမခံ ပြောဆိုနိုင်ပါတယ်။ အရင်ကထက်ကို ပိုပြီး ရှိနေချင်ပါတယ်။ တစ်ခါတစ်လေတော့ ကျွန်တော် သံသယ ဖြစ်မိရတယ်။ ပြီးခဲ့တဲ့ (၇)နှစ်ဆိုတာက အချိန်အတိုင်းတာ အကြာကြီးပါပဲ။ အခုတော့ ကျွန်တော် ဘယ်မှကို မသွားချင်ပါဘူး။ လူတွေက ပက် သူတို့ မင်းကို လိမ်ညာနေတယ်လို့ ပြောနေပေမယ့် သူတို့က ကျွန်တော် မလိမ်ပါဘူး။ ယူအီးအက်ဖ်အေနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ကြည့်ပါ။ ဒီကိစ္စနဲ့ အတူတူပါပဲ။ ကျွန်တော်ရဲ့လူတွေက ဘာကြောင့် မယုံကြည်သင့်ရမှာလဲ။ တခြားသော အသင်း(၁၉)သင်းရဲ့ အမှုဆောင်ချုပ်တွေကတော့ ကျွန်တော်ရဲ့လူတွေ မဟုတ်ပါဘူး” လို့ ဂွာဒီယိုလာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Marca

လက်ရှိမှာ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ဘဏ္ဍာရေးစည်းမျဉ်း (၁၀၀)ကျော်အထိ ချိုးဖောက်ထားခဲ့တယ်ဆိုပြီး ပရီးမီးယားလိဂ်ဘက်က စွဲချက်တင်လာချိန်မှာ ဂွာဒီယိုလာ အနာဂတ်က လှုပ်ခတ်လာနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့သလို သူရဲ့ပြီးခဲ့တဲ့နှစ် ပြောစကားကြောင့်ပါ ဂွာဒီယိုလာအနေနဲ့ စီးတီးကို စွန့်ခွာသွားနိုင်ဖွယ် ရှိနေတယ်လို့ ယူဆခဲ့ရပေမယ့် ဂွာဒီယိုလာကိုယ်တိုင်ကတော့ အသင်းမှာသာ အချိန်ကြာမြင့်စွာ ဆက်နေသွားမယ်လို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။