ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်ဖို့ ခြေတလှမ်းသာ လိုအပ်ခဲ့တဲ့ ဟက်ဒါဖီးလ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရပ် ၆ပေ ၉လက်မ မြင့်တဲ့ ရှားပါး တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီ ဟက်ဒလင်းကို ခေါ်ယူ အားဖြည့်ခဲ့ကြောင်း သိရပါတယ်။

အင်္ဂလန် တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီ ဟက်ဒလင်းက အရပ် ၆ပေ ၉လက်မ ရှိပြီး သူဟာ တချိန်က စပါးနဲ့ အင်္ဂလန်အတွက် အဓိက တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ပီတာ ခရော့ချ်ထက်တောင် အရပ် ၂လက်မ ပိုရှည်တဲ့ ရှားပါး တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူး ကိုင်လီ ဟက်ဒလင်းက သူ့ရဲ့ ရှည်လျားတဲ့ အရပ်အမောင်းကြောင့် အမြင့်ဘောတွေကို အပိုင်နိုင်ဆုံး အသုံးချနိုင်စွမ်း ရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ အရည်အသွေးကြောင့်ပဲ ဟက်ဒါဖီးလ်က တခြားအသင်းတွေနဲ့ ပြိုင်ဆိုင်ကာ သူ့ကို အမိအရ ခေါ်ယူခဲ့တာပါ။

ဟက်ဒလင်းက သူ့ရဲ့ အသင်းဟောင်း ဆိုလီဟောလ် အတွက် ပြိုင်ပွဲစုံမှာ ၆၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၅ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး သူက ခေါင်းတိုက်စွမ်းရည် ကောင်းမွန်ပေမယ့် ရှည်လျားလှတဲ့ ခြေတံတွေကြောင့် ပီတာ ခရော့ချ်လိုပဲ ကန်ချက်တွေနဲ့ သွင်းဂိုးတွေ ရယူရာမှာ အားနည်းတဲ့ တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဗြိတိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ အရပ် ၆ပေ ၉လက်မ မြင့်တဲ့ ဟက်ဒလင်းက လက်ရှိ ဗြိတိန်နိုင်ငံ အတွင်းမှာ ကစားနေတဲ့ Outfield ကစားသမားတွေ အနက် အရပ်အမြင့်ဆုံး ကစားသမား အဖြစ် စံချိန် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။