လိုင်ယွန်အသင်းရဲ့ ညာနောက်ခံကစားသမားလေး မယ်လိုဂူစတိုဟာ သူ့ကို အခု ဈေးကွက်ထဲမှာ အရ ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွေ့ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဂူစတိုက အခု လက်ကျန်ဘောလုံးရာသီကိုတော့ လိုင်ယွန်အသသင်းမှာပဲ အငှားကစားမားအဖြစ် ဆက်လက် ကစားသွားရမှာဖြစ်ပြီး လာမယ့်ရာသီမှသာ ချယ်လ်ဆီးနဲ့ စတင် ပူးပေါင်းခွင့် ရရှိမှာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ အလျှံအပယ် ပြုလုပ်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဈေးကွက်မပိတ်ခင်မှာလည်း ခံစစ်နဲ့ ကွင်းလယ်ပိုင်းအတွက်ကိုပါ ထပ်မံ အားဖြည့်ချင်နေသေးပြီး ခံစစ်ပိုင်းအတွက်ကိုတော့ လိုင်ယွန်ရဲ့ ပြင်သစ် ဆယ်ကျော်သက် ကစားသမားလေး ဂူစတိုကို ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက်(၁၉)နှစ်သာ ရှိသေးပေမယ့် လိုင်ယွန်ရဲ့ အမြဲတမ်း ပွဲထွက်ကစားသမားပါ ဖြစ်နေသူ ဂူစတိုကို ဥရောပထိပ်သီး ကလပ်အသင်းများစွာက စိတ်ဝင်စားနေချိန်မှာ ချယ်လ်ဆီးက ခပ်သွက်သွက် လှုပ်ရှားပြီး အရ ခေါ်ယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Chelsea 'launch first transfer bid for Malo Gusto after Lyon full-back agrees personal terms' | The Sun

Photo Credit : The Sun

ချယ်လ်ဆီးအသင်းက အခုနှစ် နွေဈေးကွက်အတွင်းမှာလည်း အသင်းရဲ့ ခံစစ်ပိုင်းအတွက် နာပိုလီရဲ့ ဆီနီဂေါကျောက်ဆောင်ကြီး ကူလီဘလီ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လက်စတာ ခံစစ်မှူးလေး ဖိုဖာနာနဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ကူကူရယ်လာတို့ကို ခေါ်ယူအားဖြည့်ထားခဲ့သလို အခုလည်း ဖြည့်တင်းဖို့ လိုအပ်လာတဲ့ နေရာဖြစ်သော ညာခြမ်းခံစစ် နေရာအတွက် ရေရှည်စီမံကိန်းအဖြစ် ဂူစတိုကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီး ဂူစတိုအတွက် လိုင်ယွန်အသင်းကို ပြောင်းရွေ့ကြေး ယူရိုသန်း(၃၀)နဲ့ အပိုဆုကြေးတွေ ပေးသွားမှာဖြစ်တဲ့အပြင် ကစားသမားကိုလည်း အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ လိုင်ယွန်အသင်းမှာပဲ ဆက်လက် ကစားသွားစေဖို့ သဘောတူညီပေးသွားဦးမှာပဲ ဖြစ်ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေထဲမှာ ဂူစတိုဟာ ဒီကနေ့မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ အခုကတည်းက လာမယ့်ရာသီအတွက်ကို ကစားသမားဖြည့်တင်းမှုတွေ လုပ်ထားနိုင်ပြီဖြစ်ပြီး တိုက်စစ်ကစားသမား အန်ကွန်ကူနဲ့ RB လေး ဂူစတို ပြင်သစ်သားနှစ်ဦးဟာ လာမယ့်နွေမှာပဲ ချယ်လ်ဆီးအသင်းဆီကို လာရောက် ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။