တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖရက်ဒ်ကို ခေါ်ယူသွားဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိသွားခဲ့တယ်လို့ Sky Sports News ကနေ သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

ဒါကြောင့် ဖရက်ဒ် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ဂါလာတာစာရေးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ကြား ပြောင်းရွှေ့ကြေးပိုင်းဆိုင်ရာကိုသာ ဆက်လက် ညှိနှိုင်းသွားရတော့မှာဖြစ်ပြီး ဂါလာတာစာရေးကတော့ ဖရက်ဒ်ကို အရ ခေါ်ယူဖို့ ရှိနေပါတယ်။

Galatasaray refuse to pay €15m for Fred — Fulham did the same thing -  Football | Tribuna.com

Photo Credit : Tribuna

ကစားသမားသစ် ခေါ်ယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ ဂါလာတာစာရေးအသင်းဟာ သူတို့ ခေါ်ယူချင်နေတဲ့ ကစားသမား စာရင်းထဲမှာ ဖရက်ဒ်ကိုပါ ထည့်သွင်းထားသလို ကမ်းလှမ်းမှုတစ်ခုလည်း လုပ်ဆောင်ခဲ့ရာ ယူနိုက်တက်ဘက်က ပယ်ချထားခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဂါလာတာစာရေးက ကစားသမားဘက်ကို အရင်ဆုံး ဆက်သွယ် ကြိုးပမ်းလာခဲ့ရာ ဖရက်ဒ်နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ အပြီးသတ် အထမြောက်နိုင်ဖို့အတွက် ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေး ညှိနှိုင်းသွားဖို့သ ကျန်ရှိနေပါတော့တယ်။

Man Utd fans fume at 'disrespectful' asking price for Fred with Premier  League rivals keen on transfer | The Sun

Photo Credit : The Sun

မန်ယူနိုက်တက်ကတော့ အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ဖရက်ဒ် တွမ်မီနေး ဗန်ဒယ်ဘိခ်တို့ကို ရှင်းထုတ်သွားချင်နေပြီး လူငယ် ကစားသမားလေး မိုင်နူးကို စီနီယာအသင်းမှာ နေရာပိုပေးဖို့ ရှိနေသလို ဖီအိုရင်တီးနားက မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ကိုလည်း အသင်းဆီ အရ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ဖရက်ဒ် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က သေချာသလောက် ရှိနေပြီး တွမ်မီနေးကိုတော့ ဝက်စ်ဟမ်းအသင်းက ခေါ်ယူချင်နေပေမယ့် ပြောင်းရွှေ့ကြေးမှာ ကွာဟချက်တွေ ရှိနေရကာ ဗန်ဒယ်ဘိခ်ကိုတော့ ဆိုစီဒက်က ခေါ်ယူသွားဖွယ် ရှိနေပါတယ်။