မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ဂါဘရီရယ် ဟိန့်ဇီကတော့ လက်ရှိမှာ အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာနဲ့ လက်တွဲသွားဖို့ အခြေအနေများနေတယ်လို့ သိရပါတယ်။

ဘယ်နောက်ခံနေရာနဲ့ ဗဟိုခံစစ်နေရာတွေမှာ ကစားတက်သူဖြစ်ပြီး ကစားသမားဘဝအတွင်း ပီအက်စ်ဂျီ မန်ယူနိုက်က် ရီးယဲလ်မက်ဒရစ် မာဆေးလ် ရိုးမားတို့လို ထိပ်တန်း ကလပ်အသင်းတွေမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ဟိန့်ဇီဟာ အာဂျင်တီးနားနဲ့လည်း ပွဲပေါင်း (၇၂)ပွဲအထိ ကစားထားခဲ့ပါသေးတယ်။

Photo Credit : talkSPORT

ဒါ့အပြင် ဟိန့်ဇီဟာ ပီအက်စ်ဂျီအသင်းမှာ ပါဝင်ခဲ့စဉ်ကလည်း အာတီတာနဲ့ အသင်းဖော်တွေအဖြစ် အတူ တွဲဖက်ကစားခဲ့ဖူးပြီး တစ်ရာသီခန့် ကစားဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဟိန့်ဇီဟာ အာတီတာနဲ့ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေအဖြစ်နဲ့ပါ ထပ်မံ ရင်ဆိုင်လာခဲ့ရပါတယ်။

အခုတော့ ဒီကစားသမားကြီး နှစ်ယောက်လုံးက ဘောလုံးသမားဘဝကနေ အနားယူပြီး နည်းပြနယ်ပယ်ထဲကို ဝင်ရောက်နေကြပြီဖြစ်ပြီး အာဆင်နယ်နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ နည်းပြ အာတီတာကတော့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ အလားအလာ အရမ်းကောင်းနေရပါတယ်။

Photo Credit : Instagram

ဟိန့်ဇီကလည်း ၂၀၁၅လောက်ကတည်းက နည်းပြဘဝထဲကို ဝင်ရောက်လာခဲ့ပေမယ့် သူရဲ့ နည်းပြမှတ်တမ်းတွေက ကောင်းမွန်နေခြင်း မရှိပဲ လက်ရှိမှာလည်း အသင်းလက်မဲ့ အနေအထားကို ရောက်ရှိနေရပါတယ်။

အခု ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဟိန့်ဇီက အင်္ဂလန်နိုင်ငံဆီကို ရောက်ရှိလို့နေပြီး ဟိန့်ဇီအနေနဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွှက်သွားဖို့အတွက် ဖြစ်နိုင်ခြေ အလွန်များနေတယ်လို့ သိရှိရပါတယ်။