အန်တိုနီယိုကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်လျက် ရှိနေပြီး အခုလည်း အနာဂတ်မှာ အသင်းအတွက် အားထားလာရမယ့် ကစားသမားမျိုး ဖြစ်လာနိုင်စေမယ့် ဆယ်ကျော်သက် ကစားသမာလေးတစ်ဦးကို ထပ်မံ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီကစားသမားလေးကတော့ စီးရီးအေကလပ် အူဒီးနီးစ်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမားလေး ဒတ်စတီနီအူဒိုဂီပဲ ဖြစ်ပါတယ်။

Tottenham 'confident' of signing Destiny Udogie in 'coming days'

Photo Credit : To The Land And Beck

စပါးအသင်းဟာ နွေရာသီ ဈေးကွက်အတွင်းမှာ အသင်းရဲ့ နေရာစုံအတွက် ကစားသမားဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ခံစစ်ပိုင်းအတွက် ဂိုးသမား ဖော်စတာ ဗဟိုနောက်ခံလူ လွန်ဂလတ် ညာနောက်ခံလူ စပန့်စ် ဘယ်ခြမ်းခံစစ်နေရာအတွက် ပါရီဆစ် ကွင်းလယ်ပိုင်းအတွက် ဘစ်ဆူးမားနဲ့ တိုက်စစ်ပိုင်းအတွက် ရစ်ချာလီဆန်တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒီလို ခေါ်ယူမှုတွေထဲမှာ အသက်အငယ်ဆုံး ကစားသမားဖြစ်တဲ့ ညာနောက်ခံလူ ဒီဂျက်စပန့်စ်က အသင်းရဲ့ ရေရှည်စီမံကိန်းမှာ အသုံးပြုရနိုင်မယ့် လူငယ်ကစားသမားလေး ဖြစ်သလို အခု ဒီရာသီရဲ့ သတ္တမမြောက် ခေါ်ယူမှုဖြစ်တဲ့ အူဒိုဂီဟာလည်း စပါးရဲ့ ဘယ်ခြမ်းခံစစ်အတွက် future star ကစားသမား ဖြစ်လာနိုင်ပါတယ်။

Tottenham reach 'full agreement' with Destiny Udogie, as Conte and Paratici  align on immediate next move

Photo Credit : TEAMtalk

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ အီတလီ-နိုင်ဂျီးရီးယားနွယ်ဖွားလေး အူဒိုဂီဟာ အီတလီနိုင်ငံ ဗီရိုနာမြို့မှာ ဖွားမြင်ခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက ဗီရိုနာအသင်းရဲ့ လူငယ်အကယ်ဒမီမှာ ဘောလုံးပညာရပ်တွေကို သင်ကြားလာခဲ့ရပါတယ်။ ၂၀၂၀ခုနှစ်မှာပဲ ဗီရိုနာစီနီယာအသင်းမှာ စတင် ကစားခွင့်ရရှိခဲ့တဲ့ တစ်နှစ်အကြာမှာပဲ အူဒီးနီးစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဆယ်ကျော်သက် ကစားသမားသာ ဖြစ်နေပေမယ့် အူဒီးနီးစ်နဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာ စီးရီးအေ (၃၅)ပွဲအထိကို ပါဝင်ကစားခဲ့ရပါတယ်။ အီတလီ ယူ-၂၁အသင်းမှာပါ ပါဝင်ခွင့်ရထားခဲ့သူ အူဒိုဂီရဲ့ စွမ်းဆောင်ရည်တွေကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက စတင် သတိထားမိလာခဲ့ပေမယ့် ဒီအသင်းတွေထက် စပါးအသင်းက ခပ်သွက်သွက် လှုပ်ရှားလာခဲ့တာကြောင့် အခုဆိုရင် ယူရိုသန်း(၂၀)နဲ့ ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှုပါ ရရှိသွားခဲ့ရပြီ ဖြစ်ပါတယ်။ လက်ရှိ စပါးအသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ ဘင်ဒေးဗီစ်နဲ့ ရယ်ဂီလွန်တို့ ရှိနေတယ်ဆိုပေမယ့် ဘင်ဒေးဗီစ်ကို CB အဖြစ် အသုံးပြုနေသလို ရယ်ဂီလွန်ကို ရောင်းချဖွယ် ရှိနေပြီး ဆက်ဆီနွန်နဲ့ ပါရီဆစ်တို့ကိုသာ အလှည့်ကျအဖြစ် အသုံးပြုသွားမှာဖြစ်လို့ အူဒိုဂီကိုတော့ သူရဲ့လက်ရှိကလပ် အူဒီးနီးစ်သာ တစ်ရာသီခန့် အငှားချသွားမှာ ဖြစ်ပါတယ်။