ရာဟင် စတားလင်း အပါအဝင် ဂျိမ်းစ် ဝက်ဒ်ပရောက်တို့အနေနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်း မခံရတော့ရင် လက်ရွေးစင် ကစားသမားဘဝကနေ အနားလိုက်သင့်တယ်လို့ အင်္ဂလန် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် (၃၁)ရက်နေ့က ယူရို-၂၀၂၄ ခြေစစ်ပွဲတွေ ဆင်နွဲရမယ့် အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားသမားစာရင်း ထုတ်ပြန်လာခဲ့ရာ လတ်တလော ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ စတားလင်း နဲ့ ဝက်ဒ်ပရောက်တို့ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : 90Min

ဒီလူစာရင်းထဲမှာ ကလပ်အသင်းအတွက် ပွဲကစားခွင့် လုံးဝ မရသလောက် ဖြစ်နေတဲ့ နောက်ခံလူ မက်ဂွိုင်းယား နဲ့ ကွင်းလယ်လူ ကယ်လ်ဗင် ဖီးလစ်တို့က ပါဝင်နေပြီး ဒီရာသီမှ ခြေစွမ်းပြန်ပြနေတဲ့ စတားလင်းမှာ ဝက်စ်ဟမ်းအတွက် (၃)ဂိုးဖန်တီးပြီး (၁)ဂိုးသွင်းထားတဲ့ ဝက်ဒ်ပရောက်စ်တို့ကတော့ အံ့အားသင့်စဖွယ် ချန်လှပ်ထားခံခဲ့ရပါတယ်။

ဒီလို ချန်လှပ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ကစားသမားဟောင်းကြီး ဖာဒီနန်က “ကျွန်တော်သာ စတာလင် ဖြစ်ခဲ့မယ်ဆိုရင် အလွန်ကို စိတ်ပျက်မိမှာပါ။ သူ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရတဲ့အချိန်မှာ ဘာတွေ လုပ်ဆောင်ပေးခဲ့သလဲဆိုတာကို သတိရလိုက်ပါ။”

Rio Ferdinand tells James Ward-Prowse to retire from England duty after  latest Gareth Southgate snub

Photo Credit : Yahoo! Sports

“မက်ဂွိုင်းယားတို့ ဖီးလစ်တို့လို ကစားသမားတွေကို အသုံးပြုနေတဲ့ ဆောက်ဂိတ်ရဲ့ လူစာရင်းထဲမှာ သူ(စတားလင်း)က ဘာကြောင့် မပါဝင်နိုင်ရတာလဲ။ စတာလင်လိုမျိုး နောက်တစ်ယောက်က ရှိနေပါသေးတယ်။ ဝက်ဒ်ပရောက်ပါ။ ကျွန်တော်သာ သူတို့နေရာမှာဆိုရင် လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားမှာမယ်။”

“နားထောင်။ ငါတို့ကို ထပ်ပြီး မရွေးချယ်နဲ့တော့။ ကိစ္စမရှိဘူး။ ခင်ဗျားတို့ လုပ်နေတာတွေက လေးစားမှု မရှိသလိုတွေ ဖြစ်နေတယ်လို့သာ ပြောထည့်လိုက်။ သူတို့လို ကစားသမားတွေ အထူးသဖြင့် ဝက်ဒ်ပရောက်ဆိုရင် သူ့အသင်းမှာ ပုံမှန်လည်း ကစားခွင့်ရတယ်။ ဂိုးတွေ ဂိုးဖန်တီးမှုတွေလည်း လုပ်ဆောင်ထားသေးတယ်။ ဒါကိုမှ လက်ရွေးစင်အသင်းအတွက် အရွေးမခံရဘူးဆိုရင် ဘာတွေ ထပ်လုပ်ပြရဦးမှာလဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။