မန်ချက်စတာစီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်ကစားသမား အာလင်းဟော်လန်းက ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဧရိယာအတွင်း ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးကိုပါ လွဲချော်ထားခဲ့ရပေမယ့် သူ့အနေနဲ့ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အံ့ဝင်ခွင်ကျ ဖြစ်နိုင်ဖို့အတွက် စိုးရိမ်မှု ရှိမနေဘူးလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်မှူး ဟော်လန်းဟာ အခုနှစ် နွေဈေးကွက်ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၅၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ သွင်းဂိုးစွမ်းရည် အထောင်တိုက်စစ်နေရာမှာ အကောင်းဆုံး လိုက်ပါကစားနိုင်မှုတွေကြောင့် number 9 role အတွက် ထိပ်တန်းကစားသမားတစ်ဦး အလိုရှိနေတဲ့ မန်စီးတီးအတွက် mega singing တစ်ခုလို့ ယူဆလာခဲ့ကြပါတယ်။ ဒါပေမယ့် ဟော်လန်းဟာ သူရဲ့ မန်စီးတီး ကစားသမားဘဝ ပထမဆုံး completive ပွဲစဉ်အတွင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပြီး သူရဲ့ ပွဲအတွင်း စွမ်းဆောင်ရည်တွေကိုလည်း ဘောလုံးပရိသတ်တွေက လှောင်ပြောင်သရော်ခဲ့ကြပါတယ်။

Sergio Aguero admits Erling Haaland struggled against Virgil van Dijk

Photo Credit : 90Min

ဒါပေမယ့် ဟော်လန်းကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အံ့ဝင်နိုင်ဖို့အတွက် စိုးရိမ်မှုတွေ ရှိမနေဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဟော်လန်းက “အခြေတကျ ဖြစ်တာနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့တွေ မြင်လာရပါလိမ့်မယ်။ လူတွေက အဲ့လို အခြေကျဖို့အတွက် အချိန်ယူရနိုင်တယ်။ ဒါမှမဟုတ် တစ်ခါတည်းကို တိုက်ရိုက် အခြေကျသွားနိုင်တယ်။ ဒါကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ ဒါပေမယ့် ဒါကိုတော့ ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး။ ဒါက ဘောလုံးသမားတစ်ဦးရဲ့ ဘဝပဲ။ ခင်ဗျားအနေနဲ့ ဒီအတိုင်းပဲ နေထိုင်သွားရမယ်။ ခင်ဗျားက ဖျော်ဖြေရေးသမားတစ်ဦးလိုပဲ။ တစ်ပတ်တာအတွင်း ကွင်းထဲမှာ ခင်ဗျား လုပ်ခဲ့သမျှတွေနဲ့ ပတ်သတ်ပြီး ခင်ဗျားက အကဲဖြတ်မှုတွေကို ရနေမှာ။ ကျွန်တော်ကတော့ စိတ်ဖိစီးမှုတွေ မရှိအောင် ကျွန်တော့်အပေါ် ဝေဖန် သုံးသပ်မှုတွေနောက် မလိုက်သွားတတ်ဘူး။ အဲ့ဒါတွေနောက် များများသာ ပါသွားမယ်ဆိုရင် ကိုယ် မလိုချင်တဲ့ ပုံစံမျိုးနဲ့ပါ အဆုံးသတ်သွားနိုင်တယ်။ လူတွေက ခင်ဗျား ပြီးခဲ့တဲ့ရာသီက လုပ်ဆောင်ခဲ့တာတွေအကြောင်းကို ပြောနေကြပေမယ့် လာမယ့်ပွဲတွေမှာ လုပ်ဆောင်ပြနိုင်မယ့် အရာတွေကို ထည့်တွက်ကြတာပါ” လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ တိုက်စစ်ကစားသမား ဟော်လန်းဟာ ဒေါ့မွန်အသင်းမှာ ပြိုင်ပွဲစုံ (၈၉)ပွဲ ပါဝင်ကစားခဲ့ရင်း စုစုပေါင်း (၈၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။