ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သားကြီးဖြစ်သူ ခရစ္စတီယာနို ဂျူနီယာလေး ဖခင်ခြေရာနင်းနိုင်ဖို့အတွက် အယ်လ်နာဆာ ယူ-၁၃အသင်းနဲ့ စာချုပ်ချုပ်ဆိုမှုတွေ လုပ်ဆောင်လိုက်ပြီဖြစ်ပြီး ဖခင်ရဲ့ အထင်ကရ ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် (၇)ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် (၁၃)နှစ်သားအရွယ်သာ ရှိနေသေးတဲ့ ခရစ္စတီယာနို ဂျူနီယာလေးဟာ သူရဲ့ဖခင် ကစားရာ ကလပ်အသင်းတွေရဲ့ လူငယ် အကယ်ဒမီတွေမှာ ပါဝင်ရင်း လေ့ကျင့်ခန်းဆင်းမှုတွေ လုပ်ဆောင်ခဲ့သလို အခုဆိုရင်လည်း အယ်လ်နာဆာ ယူ-၁၃အသင်းရဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

ခရစ္စတီယာနို ဂျူနီယာလေးက ဂျုဗင်တပ်စ် ဘောလုံး အကယ်ဒမီအတွက် စတင် ကစားပေးရင်းနဲ့ ရော်နယ်လ်ဒိုက မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိသွားချိန် ဝိန်းရွန်နီရဲ့ သားဖြစ်သူ ကိုင်ရွန်နီ မာတစ်ရဲ့သားတို့နဲ့အတူ ယူနိုက်တက် အကယ်ဒမီမှာ တွဲဖက် ကစားခဲ့ရပါတယ်။

လက်ရှိ ဖခင်ဖြစ်သူ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဆီ ရောက်ရှိသွားချိန်မှာလည်း ဂျူနီယာလေးက အယ်လ်နာဆာ လူငယ် အကယ်ဒမီမှာ ပူးပေါင်းခဲ့ရင်း အခုတော့ ယူ-၁၃ အသင်းသားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Youtube

ရော်နယ်လ်ဒိုရဲ့ မိခင်ဖြစ်သူကတော့ သူ့မြေး ဂျူနီယာလေး ဖခင်ရဲ့ခြေရာကို နင်းန်ိုင်ရုံသာမကပဲ ဖခင်ထက်တောင် ပိုပြီး အရည်အသွေး ပြည့်ဝတဲ့ ကစားသမား ဖြစ်လာနိုင်တဲ့အပြင် ဘောလုံးလောကရဲ့ ထိပ်တန်း ကစားသမားတစ်ဦးပါ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်ူထားပါတယ်။

ဂျူနီယာလေး ကိုယ်တိုင်ကတော့ သူ့ဖခင် ရော်နယ်လ်ဒိုကို ဘောလုံးသမားဘဝကနေ အနားမယူစေချင်သေးပဲ အသင်းတစ်သင်းတည်းမှာ သားအဖတွေ အတူတူ ဘောလုံးကစားရတာမျိုး ဖြစ်ချင်ကြောင်း ပြောဆိုထားခဲ့ဖူးပါတယ်။