မနေ့က ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း စတန်းဖို့ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီး ဂန္တဝင်အသင်း နဲ့ ဘိုင်ယန်မြူးနစ် ဂန္တဝင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ချယ်လ်ဆီး legend အသင်းက (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဘက်က ဂျွန်တယ်ရီ ၊ ကာဟေးလ် ၊ ပီတာချက် ၊ အက်ဆီယန် ၊ မီခေးလ်အစရှိတဲ့ ချယ်လ်ဆီး ကစားသမားဟောင်းတွေအပြင် ဇိုလာလို ချယ်လ်ဆီးရဲ့ truly legend ကြီးတစ်ဦးလည်း ပါဝင်သွားခဲ့ပါတယ်။

Photo Credit : Sports World Ghana

ပွဲမစခင်တင်ခင်မှာတော့ ချယ်လ်ဆီးအသင်းမှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ကျင်လည် ဖြတ်သန်းခဲ့တဲ့ ဂျန်လူကာ ဗီယာလီကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပါတ် (၉) ဂျာစီတွေကို ဆင်တူ ဝတ်ဆင်ခဲ့ကြပါသေးတယ်။

ဒီပွဲစဉ်က ဒီနှစ် ဇန်နဝါရီလ (၆)ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးကွယ်လွန်သွားတဲ့ ဗီယာလီအတွက် အမှတ်တရ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ချယ်လ်ဆီး ဂန္တဝင်အသင်းအတွက် သွင်းဂိုးတွေကိုတော့ အက်ဆီယန် အသင်းခေါင်းဆောင် တယ်ရီ နောက်ခံလူ ကာဟေးလ် နဲ့ တီယာဂိုတို့က အသီးသီး သွင်းယူခဲ့ကြပါတယ်။

Photo Credit : Sky Sports

အီတလီ တိုက်စစ်မှူးဟောင်းကြီး ဗီယာလီဟာ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးမသတ်ခင် ချယ်လ်ဆီးအသင်းမှာ (၃)နှစ်နီးပါး ပါဝင်ကစားသွားခဲ့ပြီး (၈၈)ပွဲကစား သွင်းဂိုး စုစုပေါင်း (၄)အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့တဲ့ ဗီယာလီဟာ သူရဲ့ နည်းပြဘဝကိုလည်း ချယ်လ်ဆီးအသင်းနဲ့ပဲ စတင်ခဲ့ပြီး အသင်းအတွက် UEFA Cup Winner’s Cup ၊ UEFA Super Cup ၊ အက်ဖ်အေဖလား လိဂ်ဖလားတို့ပါ ရယူပေးနိုင်ခဲ့ပါတယ်။