ချယ်လ်ဆီးအသင်းကတော့ အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ နိုင်ဂျီးရီးယား လူငယ်တိုက်စစ်ကစားသမားလေး ဆာမူ အိုမိုရိုဒီယန်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ရာ ငြင်းဆန် ပယ်ချထားခံခဲ့ရပေမယ့်လည်း ချယ်လ်ဆီးဘက်ကနေ လက်လျော့သွားမှာ မဟုတ်ပဲ ဆက်လက် ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။

အသက် (၂၀)အရွယ် စပိန်နိုင်ငံဖွား နိုင်ဂျီးရီးယားနွယ်ဖွား တိုက်စစ်မှူး အိုမိုရိုဒီယန်ဟာ ဆီဗီလာလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၂၃ခုနှစ်မှာပဲ ဂရန်နာဒါအသင်းကနေ အသက်လက်တီကိုအသင်းဆီ ပြောင်းရွှေ့လာခဲ့ကာ အသက်လက်တီကိုက ချက်ချင်းဆိုသလို အလာဗက်စ်အသင်းဆီ အငှားချခဲ့ပါတယ်။

Photo Credit : talkSPORT

အိုမိုရိုဒီယန်ဟာ အလာဗက်စ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရင်း လာလီဂါ (၃၄)ပွဲကစားခဲ့ပြီး (၈)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအပါအဝင် ကလပ်အသင်းပေါင်းများစွာက စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း ပိုင်ရှင်သစ်တွေလက်ထက်မှာ လူငယ်ကစားသမားတွေကိုပဲ ပိုမို ဦးစားပေး ခေါ်ယူတက်တဲ့ ထုံးစံတွေ ရှိနေတာကြောင့် အခု အသင်းရဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း အသက်လက်တီကိုက အိုမိုရိုဒီယန်အပြင် အက်စတွန် ဗီလာက ကိုလံဘီယာ တိုက်စစ်မှူး ဂျွန် ဒူရန်ကိုပါ ပစ်မှတ်ထားနေခဲ့ပါတယ်။

Photo Credit : Football Transfer

ချယ်လ်ဆီးက အိုမိုရိုဒီယန်ကို ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)ကိုမှ အပိုဆုကြေးတွေ အပါအဝင် ယူရို သန်း(၄၀)တန် package နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ရာ ဒီကမ်းလှမ်းချက်ကို အသက်လက်တီကိုဘက်က ပယ်ချထားခဲ့ပြီး ဒါကို ချယ်လ်ဆီးကတော့ ကမ်းလှမ်းမှု နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်သွားဖွယ်ပါ ရှိနေပြန်ပါတယ်။

ဒါပေမယ့် ဗီလာကတော့ သူတို့ကစားသမားလေး ဒူရန်ကို လက်လွတ်သွားဖို့အတွက် ချယ်လ်ဆီးကနေ ပြောင်းရွှေ့ကြေးအပြင် ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုကိုပါ အလိုရှိနေပြီး လက်ရှိမှာ ကွင်းလယ်ကစားသမား ကော်နာ ဂါလက်ဂါကို အရမ်းအလိုရှိနေတာကြောင့် ဒူရန်ကို ခေါ်မယ်ဆိုရင် ဂါလက်ဂါကို ဗီလာအသင်းဆီ ပြန်လည် ရောင်းချရဖွယ်လည်း ရှိနေရပါတယ်။