ချယ်လ်ဆီးအသင်းကတော့ လာမယ့်နွေမှာ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် အခု ပီအက်စ်ဂျီကပါ အိုဆီမန်ကို အရ ခေါ်ယူဖို့အတွက် ချိန်ရွယ်နေတာကြောင့် ချယ်လ်ဆီးအနေနဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာနိုင်ဖွယ် ရှိနေပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီက ဘာပေကို သေချာပေါက် လက်လွတ်ရတော့မှာဖြစ်လို့ ဘာပေနေရာ အိုဆီမန်ကို ဦးစားပေးအဖြစ် ပစ်မှတ်ထားလာခဲ့ပြီး အိုဆီမန်ရဲ့ စာချုပ်ဖျက်သိမ်းကြေးအတိုင်း ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Eurosport

နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်က ဥရောပထိပ်သီး ကလပ်တိုင်း ကြိုက်ကြတဲ့ နှင်းဆီခိုင် ကစားသမားဖြစ်ပြီး သူ့ကို ချယ်လ်ဆီးအသင်းက လာမယ့်နွေမှာ အရ ခေါ်ယူဖို့ပါ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘာပေရဲ့ အခြေအနေတွေကြောင့် အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ ပိုပြီး အလားအလာကောင်းနေပါတယ်။

ဒါကြောင့် ချယ်လ်ဆီးက သူတို့ရဲ့ အဓိကပစ်မှတ် အိုဆီမန်ကို လက်လျှော့ရတော့မယ့် အခြေအနေ ဖြစ်လာရာ အိုဆီမန်အစား ပရီးမီးယားလိဂ်နဲ့ အကျွမ်းတဝင် ဖြစ်နေတဲ့ ဘရန့်ဖိုဒ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး တိုနေးကိုပဲ ပြောင်းလဲ ပစ်မှတ်ထားလာပါတော့တယ်။

Photo Credit : The US Sun

အသက် (၂၇)နှစ်အရွယ် ကစားသမား တိုနေးက သူရဲ့ လောင်းကစားဆိုင်ရာ ကိစ္စရပ်တွေကြောင့် ဘောလုံးကစားခြင်းကနေ (၈)လအထိ ပိတ်ပင် တားမြစ်ခံရပေမယ့် တိုနေးကတော့ တကယ့်ကို အရည်အသွေးမြင့် တိုက်စစ်မှူးဖြစ်လို့ သူ့ကို အသင်းတိုင်းက စိတ်ဝင်စားကြပါတယ်။

တိုနေးက (၈)လပွဲပယ်မခံရခင် ပရီးမီးယားလိဂ်မှာ တစ်ရာသီထဲ သွင်းဂိုး (၂၀)အထိတောင် သွင်းယူနိုင်ခဲ့တဲ့အထိ အလွန်တောက်ပခဲ့ပြီး အင်္ဂလန် လက်ရွေးစင်အသင်းအတွက်ကိုပါ ရွေးချယ်ခံခဲ့ရပါတယ်။ အခုလည်း တိုနေးက ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာချိန်မှာတောင် ဘရန့်ဖို့ဒ်အတွက် ဂိုးတွေ ဆက်တိုက် သွင်းယူနေတဲ့ တိုနေးကို ချယ်လ်ဆီးက သူတို့ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ပြီး လာမယ့်နွေမှာပဲ အရ ခေါ်ယူဖွယ် ရှိနေပါတယ်။