ဒီနှစ်ဘောလုံးရာသီမှာ ဘရိုက်တန်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့တဲ့ စပိန်ဘယ်နောက်ခံကစားသမား ကူကူရယ်လာကို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်း စပါးအသင်းတွေအပြင် ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားလာခဲ့တာကြောင့် ချယ်လ်ဆီးအနေနဲ့ မန်စီးတီး စပါးတို့ထက် လက်ဦးမှု ရယူနိုင်ဖို့်အတွက် ကူကူရယ်လာကို ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Chelsea, Manchester City and Tottenham want to sign Marc Cucurella

Photo Credit : The Sun

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ကူကူရယ်လာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းမှာ နေရာမရခဲ့လို့ လာလီဂါကလပ်တွေဖြစ်တဲ့ အီဘာ ဂီတာဖေးအသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားရရင်းနဲ့ ၂၀၂ဝခုနှစ်မှာပဲ ဂီတာဖေးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂီတာဖေးအသင်းမှာ (၂)ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘရိုက်တန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ကာ အခုဆိုရင် ကူကူရယ်လာက ဘရိုက်တန်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေခဲ့ရသလို သူ့ကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်စီးတီး စပါး ချယ်လ်ဆီးအသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Chelsea have been told to pay more than £45million if they want to win the transfer race

Photo Credit : The Sun

ကူကူရယ်လာဟာ သူရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅)ပွဲအထိကို ပါဝင်ကစားပေးခဲ့ပြီး ဘရိုက်တန်က မန်ချက်စတာယူနိုက်တက်ကို (၄)ဂိုးပြတ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲမှာလည်း သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ဘရိုက်တန်မှာ ခြေစွာနေတဲ့ ကူကူရယ်လာကို ဘယ်ခြမ်းခံစစ်နေရာ အလိုရှိနေတဲ့ မန်စီးတီး စပါးနဲ့ ချယ်လ်ဆီးတို့က ခေါ်ယူသွားချင်နေကြပြီး ကူကူရယ်လာက ဘရိုက်တန်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ဘရိုက်တန်ဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို မြင့်မြင့်မားမား တောင်းဆိုလာနိုင်ပြီး အနည်းဆုံး ပေါင်(၄၅)သန်းလောက်အထိကို တောင်းဆိုနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ မားကို့စ်အလွန်ဆိုနဲ့ လက်တွဲဖြုတ်ရတော့မယ့် ချယ်လ်ဆီးအသင်းက ဘယ်နောက်ခံနေရာအတွက် ကူကူရယ်လာကို အရခေါ်ယူသွားချင်နေပြီး အသင်းပိုင်ရှင် အပြောင်းအလဲကိစ္စ အထမြောက်သွားခဲ့မယ်ဆိုရင် ကူကူရယ်လာကို ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းဖွယ် ရှိနေပါတယ်။