ချဲလ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ အသင်းနည်းပြ နေရာမှာ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂျူလီယန်နာဂယ်စမန်းကိုသာ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် ကြိုးပမ်းလျက် ရှိနေပြီး တွေ့ဆုံ ဆွေးနွေးမှုတွေကိုလည်း တောက်လျှောက် လုပ်ဆောင်လျက် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

Photo Credit ; Sky Sports

ဂရေဟမ်ပေါ်တာကို အသင်းကနေ ထုတ်ပယ်လိုက်ပြီးနောက်ပိုင်း ပေါ်တာရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘရူနိုဆော်လ်တာကို အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ပေးထားခဲ့ပေမယ့် နည်းပြသစ်တစ်ဦး အလျင်အမြန် ခန့်အပ်နိုင်ရေးအတွက်ကိုလည်း ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေပါတယ်။ လတ်တလောမှာ ချဲလ်ဆီးအသင်းနဲ့ သတင်း အလွန်ထွက်နေတဲ့ နည်းပြတွေဖြစ်သော နာဂယ်စမန်း အင်းနရစ်တို့ နှစ်ဦးအနက် ချဲလ်ဆီးက နာဂယ်စမန်းနဲ့ ဆွေးနွေးမှုတွေ ပိုမို လုပ်ဆောင်လို့နေပြီး ဒီနေ့မှာလည်း နာဂယ်စမန်းနဲ့ ချဲလ်ဆီးအသင်းတို့ကြား တိကျတဲ့ ဆုံးဖြတ်ချက်တစ်ခုခု ထွက်ပေါ်လာဖို့အတွက် ဆွေးနွေးမှု ထပ်မံ လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။

Photo Credit : talkSPORT

နာဂယ်စမန်းနဲ့အတူ ချဲလ်ဆီးနည်းပြ ရာထူးအတွက် ရေပန်းစားခဲ့တဲ့ လူးဝစ်အင်းနရစ်ကတော့ ချဲလ်ဆီးနဲ့ နာဂယ်စမန်းတို့ရဲ့ ဆွေးနွေးမှု အဆင်မပြေခဲ့မှသာ 2nd option အဖြစ်နဲ့ စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။ အသက် (၃၅)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂျာမန်လူမျိုး ဘောလုံးနည်းပြ နာဂယ်စမန်းဟာ သူရဲ့ နည်းပြ သက်တမ်းတစ်လျှောက်မှာ ဟော်ဖန်ဟင်မ် လိုက်ပ်ဇစ် ဘိုင်ယန်မြူးနစ်အသင်းတို့ကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဟော်ဖန်ဟင်မ် လိုက်ပ်ဇစ်တို့ကနေ နုတ်ထွက်ခ့တာ ဖြစ်ပေမယ့် ဘိုင်ယန်ကနေတော့ ရာထူးမှ အထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

အသက် ငယ်ရွယ်သေးပေမယ့် အရည်အချင်း အပြည့်အဝရှိသူ ဖြစ်တဲ့အပြင် မော်ရင်ဟိုပေါက်စလို့ တင်စားခံခဲ့ရတဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သူ နာဂယ်စမန်းဟာ အင်းနရစ်ထက် ချဲလ်ဆီးနည်းပြသစ် ဖြစ်လာဖို့ တစ်ပြေးနေရပြီး နာဂယ်စမန်းကိုင်တွယ်ကလည်း ချဲလ်ဆီးအသင်းကို ကိုင်တွယ်သွားဖို့ စိတ်ဝင်စားလျက် ရှိနေတာကြောင့် မကြာခင်မှာပဲ နာဂယ်စမန်းကို ချဲလ်ဆီးနည်းပြသစ်အဖြစ် မြင်တွေ့လာရနိုင်ပါတယ်။