နွေအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် transfer deadline day မွာ ချယ်လ်ဆီးအသင်းက ဆောက်သမ်တန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ရိုမီအိုလာဗီယာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ transfer guru ဖာဘရီဇီယိုရိုမာနိုက သူရဲ့ တွစ်တာမှာ ဖော်ပြထားခဲ့ပါတယ်။

Report: Southampton Immediately Rejected Chelsea's Romeo Lavia Bid - Sports  Illustrated Manchester City News, Analysis and More

Photo Credit : Sports Illustrated

နွေဈေးကွက်ရဲ့​ နောက်ဆုံးနေ့မှာ တိုက်စစ်မှူး အူဘာမီယယန်းနဲ့ ကွင်းလယ်လူ ဇာကာရီယာတို့ကို ခေါ်ယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ ဆောက်သမ်တန်အသင်းက ဘယ်လ်ဂျီယံ ကစားသမားလေး လာဗီယာကိုပါ အလိုရှိခဲ့တာကြောင့် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပါ​သးတယ်။ အသက်(၁၉)နှစ်အရွယ်ရှိ ဆယ်ကျော်သက် ဘယ်လ်ဂျီယံ ကစားသမားလေး လာဗီယာဟာ အန်ဒါလက်ချ် လူငယ်အသင်းကနေ ၂၀၂၀ခုနှစ်မှာပဲ မန်စီးတီးလူငယ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီး ယူ-၂၃အသင်းမှာ ပါဝင်ခဲ့ရရင်းနဲ့ အခုနွေမှာပဲ ဆောက်သမ်တန်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

မန်စီးတီး ယူ-၂၃အသင်းမှာ အတော်လေး တောက်ပခဲ့တဲ့ လာဗီယာဟာ ဆောက်သမ်တန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး အခုဆိုရင် လာဗီယာက ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီဖြစ်ကာ သူ့ကို အလိုရှိနေခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့စဉ်မှာလည်း ဆောက်သမ်တန်အတွက် ပထမဆုံးသော ပရိးမီးယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ တကယ်တော့ ချယ်လ်ဆီးဟာ ဆောက်သမ်တန်မှာ အံ့ဝင်ခွင်ကျ ဖြစ်နေတဲ့ လာဗီယာကို transfer deadline day မှာပဲ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆောက်သမ်တန်က ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပြီး most talent ကစားသမားလေးကို အသင်းမှာ ဆက်ထိန်းထားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ အခုလည်း လာဗီယာဟာ ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ် (၅)ပွဲဆက်တိုက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပေမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ ကြွက်သားဒဏ်ရာ ရရှိသွားတာကြောင့် ဝုလ်ဗ်နဲ့ ပွဲစဉ်ကိုတော့ လွဲချော်ထားခဲ့ရပါတယ်။ ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးဖြစ်တဲ့ လာဗီယာဟာ pressing ကောင်းကောင်း လုပ်ဆောင်နိုင်သူဖြစ်ပြီး သူု့လို မာမာထန်ထန် လူငယ်ကစားသမားကောင်းမျိုးကို ပိုင်ဆိုင်လိုက်ရတာဖြစ်လို့ ဆောက်သမ်တန်က ဝါရင့် DM ကစားသမား ရိုမီယူကိုပါ အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ရပါတယ်။ ဒါပေမယ့် မန်စီးင်္တီးဘက်က ဒီကစားသမားလေးကို ဆောက်သမ်တန်အသင်းဆီ ရောင်းချခဲ့စဉ်တုန်းက ပေါင်သန်း(၄၀)နဲ့ ပြန်လည် ခေါ်ယူခွင့်ကို ထည့်သွင်းထားခဲ့တာဖြစ်လို့ ဆောက်သမ်တန်အနေနဲ့ လာဗီယာကို အသင်းမှာ ရေရှည်ထားရှိဖို့ကတော့ မလွယ်ကူနိုင်ပါဘူး။