ဘင်ဖီကာရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်ကို မခေါ်ယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ ဘရိုက်တန်အသင်းရဲ့ အီကွေဒေါ ကွင်းလယ်ကစားသမား မွိုက်စ်ကိုင်စီဒိုကိုသာ လီဗာပူးလ်အသင်းနဲ့အပြိုင် ပစ်မှတ်ထားလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : This is Anfield

ချယ်လ်ဆီးအသင်းဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့်လေး အန်ဇိုဖာနန်ဒက်ဇ်ကို အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘင်ဖီကာအသင်း သတ်မှတ်ထားတဲ့ ကစားသမားရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း(၁၂၀)ကို ပေးချေဖို့ ညှိနှိုင်းခဲ့ရာ သဘောတူညီမှု မရရှိခဲ့ပဲ အပြောင်းအရွှေ့ကိစ္စပါ အဆုံးသတ်သွားခဲ့ရပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ ချယ်လ်ဆီးဟာ အန်ဇိုကို ခေါ်ယူဖို့ လက်မလျှော့သေးပေမယ့် ဘင်ဖီကာဘက်ကတော့ သူတို့ကစားသမားကို အခု ဈေးကွက်အတွင်း လုံးဝ ရောင်းချခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ချယ်လ်ဆီးအနေနဲ့ အန်ဇိုကို လက်လျှော့ရဖွယ် ရှိနေရပါတယ်။

Photo Credit : Livesocre

ချယ်လ်ဆီးအသင်းအနေနဲ့ အန်ဇိုကို ခေါ်ယူဖို့ လက်လျှော့လိုက်ရမယ်ဆိုရင် တခြားသော ကွင်းလယ်ကစားသမားအဖြစ် အီကွေဒေါလက်ရွေးစင် ကွင်းလယ်ကစားသမားလေး ကိုင်စီဒိုကို သေချာပေါက် ပစ်မှတ်ထားလာနိုင်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကိုလည်း ချိန်ရွယ်လာနိုင်ပေမယ့် တောင်အမေရိက ကစားသမား ကိုင်စီဒိုကို ပိုမို ပစ်မှတ်ထားလာနိုင်ပါတယ်။ အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကိုင်စီဒိုဟာ အီကွေဒေါလက်ရွေးစင်အသင်းအတွက် ၂၀၂၀ခုနှစ်ကတည်းကနေ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအထိ ပွဲစဉ်ပေါင်း (၂၈)အထိတောင် ပါဝင်ထားနိုင်ခဲ့သူလည်းဖြစ်ပြီး ဘရိုက်တန်ရဲ့ အဓိက ကစားသမားလည်း ဖြစ်လို့နေပါတယ်။ လက်ရှိမှာ သူ့ကို လီဗာပူးလ်အသင်းက အလိုရှိနေသလို ကိုင်စီဒိုကိုယ်တိုင်ကလည်း အေးဂျင့် အပြောင်းအလဲတွေပါ လုပ်ဆောင်ထားတာဖြစ်လို့ လာမယ့်နွေမှာ ဘရိုက်တန်ကနေ ထွက်ခွာဖွယ် ရှိနေနိုင်တဲ့အတွက် ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းလည်း လီဗာပူးလ်နဲ့အပြိုင် ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။