ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်အသင်းဆီ အငှားချထားတဲ့ တိုက်စစ်ကစားသမား လူကာကူရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လာမယ့် တစ်ပတ်အတွင်းမှာပဲ ဆွေးနွေးမှု ပြုလုပ်သွားဖို့ ရှိနေရာ တစ်လက်စတည်းမှာပဲ လူကာကူရဲ့ အင်တာ အသင်းဖော် ဂိုးသမား အန်ဒရီအိုနာနာကိုပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့အတွက် ဆွေးနွေးသွားဖွယ် ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Inter put €40m price tag on Chelsea-linked Andre Onana as Blues seek  transfer upgrade on Edouard Mendy & Kepa Arrizabalaga | Goal.com UK

Photo Credit : Goal

ကင်မရွန်း ဂိုးသမား အိုနာနာဟာ အင်တာမီလန်အသင်းမှာ အထင်ကြီးလောက်စရာ လက်စွမ်းကောင်းတွေ ပြသနေပြီး ဒီရာသီမှာ အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အေဂျက်စ် ဂိုးသမားဟောင်း အိုနာနာက လာမယ့်နွေမှာ အင်တာကနေ ထွက်ခွာသွားဖို့ ရှိနေရာ ဒီအခြေအနေကို ချယ်လ်ဆီးဘက်က စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။ အီတလီ အခြေစိုက် သတင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်မှာတော့ ချယ်လ်ဆီးက အိုနာနာကို ခေါ်ယူဖို့အတွက် ကယ်ပါ ဒါမှမဟုတ် မန်ဒီ တို့ထဲက တစ်ဦးဦးနဲ့ အလဲအလှယ် ပြုလုပ်သွားဖွယ် ရှိနိုင်တယ်လို့ ဖော်ပြလာပါတယ်။

Andre Onana is wanted by Chelsea

Photo Credit : The Sun

အသက်(၂၇)နှစ်အရွယ် ဂိုးသမား အိုနာနာဟာ အေဂျက်စ်အသင်းမှာ (၆)ရာသီလောက်အထိ ဖြတ်သန်းခဲ့ရင်းနဲ့ ၂၀၂၂ခုနှစ်မှာ အင်တာမီလန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အိုနာနာဟာ ဒီရာသီမှာ အင်တာအတွက် ပြိုင်ပွဲစုံ (၃၃)ပွဲ ပါဝင်ကစားရင်းနဲ့ clean sheets (၁၆)ပွဲအထိ စွမ်းဆောင်ထားနိုင်ခဲ့သလို ပေးဂိုးလည်း (၂၉)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။ ဒါ့အပြင် အိုနာနာက မီလန်ဒါဘီ အီတလီ စူပါဖလားဖိုင်နယ် ၊ ဘင်ဖီကာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ပကျော့ ၊ ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ် နှစ်ကျော့လုံးမှာပါ အကောင်းဆုံးသော လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Romelu Lukaku's future will be talked about when Chelsea and Inter Milan meet

Photo Credit : The Sun

ဒါကြောင့် ချယ်လ်ဆီးအသင်းက သူတို့ရဲ့ ကစားသမား လူကာကူရဲ့ အနာဂတ်အကြောင်း ဆွေးနွေးရင်းနဲ့ အိုနာနာနဲ့ပါ ဆက်လက် ဆွေးနွေးသွားဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက ပီအက်စ်ဂျီ နဲ့ စပါးအသင်းတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ နီးစပ်နေပြီဖြစ်ရာ ပိုချက်ကိုသာ ခန့်အပ်ပြီးသွားခဲ့မယ်ဆိုရင် အင်တာကနေ အငှားနဲ့ ပြန်ရောက်လာတော့မယ့် လူကာကူအနေနဲ့ ပိုချက်လက်အောက်မှာ ကစားပေးသွားဖို့ ဆန္ဒရှိမရှိ ဆွေးနွေး မေးမြန်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။