မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းခေါင်းဆောင် ဆီဆာအက်ဇ်ပီလီကွယ်တာက သူတို့အသင်းအနေနဲ့ ရမှတ် ဆုံးရှုံးမှုတွေ အလွန်များနေရပြီး အသင်းပစ်မှတ်တွေနဲ့ပါ ဝေးကွာလာခဲ့ရပြီလို့ ညည်းတွား ပြောဆိုလိုက်ပါတယ်။

Azpilicueta admits Chelsea have 'lost too many points' and are 'really far  away' from pre-season targets following Forest draw | Goal.com UK

Photo Credit : Goal

ကမ္ဘာ့ဖလားအပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်မှာ ဘုန်းမောက်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးက နောက်ထပ် ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်နဲ့ ရင်ဆိုင်ချိန်မှာတော့ စတာလင် သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ထားရင်းကနေ နောက်ခံလူ အော်ရီယေးက ပြန်လည် ချေပခဲ့လို့ တစ်ဂိုးစီ သရေကျသွားခဲ့ရပါတယ်။ အခုဆိုရင် ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေရပြီး အဆင့်(၄)နေရာက မန်ချက်စတာယူနိုက်တက်နဲ့ (၇)မှတ် ထိပ်ဆုံးနေရာက အာဆင်နယ်နဲ့ (၁၈)မှတ်အထိကို ကွာဟလို့နေပါတယ်။

SportMob – Cesar Azpilicueta admits Chelsea has “lost too many points”

Photo Credit : SportMob

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ချယ်လ်ဆီး ညာခြမ်းခံစစ် ကစားသမား အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာက “ရမှတ်တိုင်း အရေးကြီးတာ အသေအချာပါပဲ။ ဒီနေ့လည်း ကျွန်တော်တို့တွေ (၂)မှတ် ဆုံးရှုံးသွားခဲ့တယ်။ ရာသီအစကတည်းက ကျွန်တော်တို့ဟာ ရလဒ်ပေါင်းများစွာကို ဆုံးရှံးခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့က ကျွန်တော် ရောက်ချင်နေတဲ့ နေရာနဲ့ အရမ်းဝေးတဲ့ နေရာထိပါ ရောက်ရှိနေပြီ။ ကျွန်တော်တို့ ပွဲတိုင်း အနိုင်မရတာက အခွင့်အရေးတွေကို လက်လွတ်နေရသလိုပါပဲ။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပါဝင်ချင်တယ်ဆိုရင် အခုရာသီရဲ့ ဒုတိယရာသီဝက်အတွင်း အကောင်းဆုံး စွမ်းဆောင်ဖို့ လိုအပ်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေပါ။ ကျွန်တော်တို့ တစ်စုတစ်စည်းတည်း ဖြစ်နေရပါမယ်။ အခုလက်ရှိက ကြည်နူးစရာကောင်းတဲ့ အချိန်မဟုတ်ပေမယ့် ကျွန်တော်တို့တွေ စုစုစည်းစည်း ရှိနေရမယ်။ တိုးတတ်မှုတွေ ရှိလာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရပါမယ်။ ကျွန်တော်တို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မန်စီးတီးနဲ့ ပွဲကြီး ကစားရပါဦးမယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ပွဲတွေ ရမှတ်တွေနဲ့ စတင်နိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။