မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ဒီနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ သူတို့အနေနဲ့ ရီးယဲလ်အသ်းကို ဘာမှ ကြောက်နေစရာ မရှိဘူးလို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Real Madrid vs Man City: Champions League semifinal preview | Football News | Al Jazeera

Photo Credit : Al Jazeera

ရီးယဲလ် နဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာပဲ တွေ့ဆုံခဲ့ဖူးတာဖြစ်ပြီး အဲ့ဒီတုန်းကတော့ ရီးယဲလ်က စီးတီးကို ကျော်ဖြတ်ပြီး ဖိုင်နယ်မှာပါ လီဗာပူးလ်ကို အနိုင်ယူရင်း (၁၃)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ရီးယဲလ်ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု သိပ်မရှိလှပဲ လာလီဂါမှာလည်း အဆင့်(၃)နေရာထိ ရောက်ရှိနေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်သော လီဗာပူးလ် ချယ်လ်ဆီးတို့ကို ကျော်ဖြတ်ထားနိုင်ခဲ့သလို အခုလည်း စီးတီးနဲ့ ထပ်မံ တွေ့ဆုံနေချိန် ချန်ပီယံလိဂ်အထာကို အကောင်းဆုံး သိရှိထားတဲ့ အသင်းပီပီ မနှစ်ကလိုမျိုး လုပ်ဆောင်ပြနိုင်ဦးမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။

 

Photo Credit : Marca

လက်ရှိမှာ မန်စီးတီးအသင်းကလည်း ဖလား(၃)လုံးလမ်းကြောင်းမှာ ရပ်တည်နေပြီး ဒီ သမိုင်းဝင် အောင်မြင်မှုကြီးကို အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း အလားအလာကောင်းတစ်ခုမှာ ရှိနေရပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဘာနာဒိုဆေးလ်ဗားက “ဒါက သူတို့ရဲ့ အသင်း တံဆိပ်နဲ့ မပတ်သက်ဘူး။ မက်ဒရစ်မှာ မိုဒရစ် ကရူးစ် ဗင်နီစီယပ်စ် ဘန်ဇီမာမှာတို့သာ မရှိခဲ့ဘူးဆိုရင် သူတို့ ဘာမှကို ရယူနိုင်မှာ မဟုတ်ဘူး။ အသင်းဂျာစီကြီးက သူ့ဘာသာ ထလုပ်နိုင်တာမှ မဟုတ်ပဲ။ ကျွန်တော်တို့တွေ သူတို့အပေါ်မှာ လေးစားမှု အများကြီး ရှိပေမယ့် သူတို့ကိုတော့ ကြောက်မနေပါဘူး။ ဘာကြောင့် သူတို့ကို ကြောက်နေရမှာလဲ။”

Real Madrid vs. Manchester City odds, picks and predictions

Photo Credit : SPORT

“သူတို့ကို မလေးမစား လုပ်လိုက်ရင်လည်း ကျွန်တော်တို့ မိုက်မဲမိသွားပါမယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သူတို့အသင်းကို ဖြုတ်ချနိုင်ဖို့ ရည်ရွယ်ထားပြီးသားပါ။ မနှစ်တုန်းကတော့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ အရှုံးပေးခဲ့ရတယ်ဆိုတာကို သိထားပါတယ်။ ဒီတစ်ခါတော့ မနှစ်က မတူအောင် ကြိုးစား အားထုတ်သွားပါ့မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။