ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ စပါးနဲ့ ယူနိုက်တက်ဂန္တဝင် ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ ကာရာဘောင်းဗိုလ်လုပွဲ ရှိတာကြောင့် ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ပွဲတွေ မရှိပေမယ့် အာဆင်နယ်နဲ့ နယူးကာဆယ်ပွဲလို ပွဲကြီးပွဲကောင်း ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လိုခန့်မှန်းချက်မျိုးတွေ လုပ်ထားမလဲ ဆိုတာ အတူတူ ဖတ်ရှုကြည့်ရအောင်ဗျာ…။

Photo Credit: Standard

မန်ယူနဲ့ ဖူလ်ဟမ် (စနေနေ့ည ၉နာရီခွဲ)

ဖူလ်ဟမ်က ဇယားအလယ်ပိုင်းမှာ အေးအေးဆေးဆေး ရပ်တည်နေပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီလောက် ခြေစွမ်းမကောင်းပါဘူး။ ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် စပါးနဲ့ ဗီလာတို့ကို လိုက်မီဖို့ လိုအပ်နေပါတယ်။ ပြီးတော့ သူတို့က နှစ်သင်းစလုံးနဲ့ အမှတ်ဘယ်လောက်မှ မကွာတော့ပါဘူး။ ဒါကြောင့် ဒီပွဲက ယူနိုက်တက် အတွက် အရေးကြီးသလို မဖြစ်မနေ အနိုင်ယူရမယ့် ပွဲမျိုးပါ။

ခန့်မှန်းရလဒ် – မန်ယူ ၂-၀ ဖူလ်ဟမ်

Photo Credit: Sky Sports

 ဘုန်းမောက်နဲ့ မန်ချက်စတာ စီးတီး (စနေနေ့ည ၁၂နာရီ)

စီးတီးက ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပေမယ့် နိုင်ပွဲရအောင် အကောင်းဆုံး ညှစ်ကစားနိုင်ခဲ့ပါတယ်။ ကစားကွက် မကောင်းတဲ့ အချိန်မှာတောင် နိုင်ပွဲ ရအောင် လုပ်နိုင်တဲ့ အရည်အချင်းမျိုးက စီးတီးမှာ ရှိပါတယ်။ စီးတီးက ရမှတ်တွေ တတ်နိုင်သလောက် စုဆောင်းနိုင်ဖို့ လိုအပ်နေပါပြီ။ သူတို့သာ အမှတ်လျော့သွားရင် အာဆင်နယ်က သူတို့ကို ကျော်သွားတော့မှာပါ။ ဒါကြောင့် ကျွန်တော်ကတော့ စီးတီးက အနိုင်ရသွားလိမ့်မယ်လို့ပဲ သုံးသပ်ချင်ပါတယ်။

ခန့်မှန်းရလဒ် – ဘုန်းမောက် ၀-၁ မန်ချက်စတာ စီးတီး

Photo Credit: Sky Sports

အာဆင်နယ်နဲ့ နယူးကာဆယ် (တနင်္ဂနွေနေ့ မနက် ၂နာရီခွဲ)

ဒီပွဲက အရမ်း အရမ်းကောင်းတဲ့ ပွဲပါ။ ဒီပွဲက အာဆင်နယ် အတွက် အရေးပါတဲ့ပွဲ ဖြစ်ပြီး သူတို့က ရလဒ်ကောင်းတွေလည်း ဆက်တိုက် ရယူထားနိုင်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုကလည်း အတော်လေး မြင့်နေပါတယ်။ နယူးကာဆယ်ကလည်း နိုင်ပွဲ ဆက်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ဒီပွဲက သူတို့တွေ လမ်းကြောင်းမှန်ပေါ် ပြန်တက်နိုင်ဖို့ အကောင်းဆုံးပွဲပါပဲ။ ဒါပေမယ့် အာဆင်နယ်ရဲ့ အိမ်ကွင်းအားကို သူတို့တွေ တွန်းလှန်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ အာဆင်နယ် အနိုင်နဲ့ပဲ နေချင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂-၁ နယူးကာဆယ်

Photo Credit: Metro

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ခရစ္စတယ် ပဲလေ့စ် ၂-၀ ဘန်လေ

ဗီလာ ၂-၁ နော်တင်ဟမ် ဖောရက်စ်

ဘရိုက်တန် ၃-၁ အဲဗာတန်

ဝုလ်ဗ် ၂-၀ ရှက်ဖီးလ် ယူနိုက်တက်

ဝက်စ်ဟမ်း ၁-၁ ဘရန့်ဖို့ဒ်