ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ်ရဲ့ ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကို ရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ တန်ဟက်ဂ်ရဲ့ နည်းပြရာထူးကို အဆုံးအဖြတ် ပေးနိုင်တဲ့ ဖူလ်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲ ၊ နယူးကာဆယ်နဲ့ အာဆင်နယ်ပွဲ ၊ စပါးနဲ့ ချယ်လ်ဆီးပွဲ စတဲ့ စိတ်ဝင်စားစရာ ပွဲတွေ ရှိနေတာကြောင့် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Standard

ဖူလ်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက် (စနေနေ့ည ၇နာရီ)

ဒီပွဲက စနေနေ့ရဲ့ နေ့လယ်ခင်းမှာ ကစားမယ့်ပွဲပါ။ (ဗြိတိန်နိုင်ငံရဲ့ စံတော်ချိန်နဲ့ ပြောနေတာ ဖြစ်ပါတယ်) ကျွန်တော်က ဒီလိုပွဲမျိုးကို မုန်းပါတယ်။ ဒီလိုအချိန်က မနက်စာ ၊ နေ့လယ်စာ ၊ အဆာပြေစာ တခုခုကို စားရမယ့် အချိန်မျိုးပါ။ ယူနိုက်တက်က ဒီပွဲမှာ မဖြစ်မနေ နိုင်အောင် ကစားဖို့ လိုနေပါပြီ။ သူတို့တွေက ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုနေပြီ။ ဖူလ်ဟမ်ကလည်း ရမှတ်တွေ လိုအပ်နေတဲ့ အသင်းပါ။ သူတို့အသင်းက ရုန်းကန်နေရတဲ့ အသင်းမျိုး မဟုတ်ပေမယ့် ဒီထက် ပိုကောင်းအောင် စွမ်းဆောင်သင့်တာတော့ အမှန်ပါပဲ။ ယူနိုက်တက်က ဒီကြားရက်မှာပဲ ပွဲကန်ထားတာပါ။ ဒါကြောင့် ဒီနေ့ပွဲက သူတို့အတွက် ပွဲကျပ် တပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပွဲဟာ သရေကျသွားမယ်လို့ မြင်ပါတယ်။

ခန့်မှန်းရလဒ် – ဖူလ်ဟမ် ၁-၁ မန်ချက်စတာ ယူနိုက်တက်

Photo Credit: Arsenal

နယူးကာဆယ်နဲ့ အာဆင်နယ် (စနေနေ့ည ၁၂နာရီ)

ဒီပွဲက ပွဲကြီးပွဲကောင်းပါ။ နယူးကာဆယ်က ဒီရာသီမှာ ပြိုင်ပွဲစုံ ကစားနေရလို့ ပွဲပန်းမှုကို ခံစားနေရနိုင်ပါတယ်။ သူတို့ရဲ့ ရလဒ်တွေကတော့ အတော်လေး ကောင်းနေတာပါ။ အာဆင်နယ်က ဒီနေ့ပွဲမှာ ရှုံးနိမ့်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သရေကျမယ့်ပွဲလို့ပဲ ပြောချင်ပါတယ်။ ဒါက အရွေးသင့်ဆုံးအရာပါ။

ခန့်မှန်းရလဒ် – နယူးကာဆယ် ၂-၂ အာဆင်နယ်

Photo Credit: The Sun

စပါးနဲ့ ချယ်လ်ဆီး (အင်္ဂါနေ့ မနက် ၂နာရီခွဲ)

စပါးက ချယ်လ်ဆီးကို လျှော့တွက်လို့ မရပါဘူး။ တကယ်လို့ လျှော့တွက်ခဲ့မိရင် သူတို့တွေ ခံစားသွားရပါလိမ့်မယ်။ ဒီပွဲမှာ စပါးက အနိုင်ရဖို့ အခွင့်အလမ်း များနေပါတယ်။ သူတို့ကသာ ချယ်လ်ဆီးရဲ့ အမှားတွေကို အကောင်းဆုံး အသုံးချနိုင်မယ် ဆိုရင် ၊ ဒီပွဲကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားမယ် ဆိုရင် စပါးက နောက်ထပ် ၁ပွဲ ထပ်နိုင်ဦးမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၁ ချယ်လ်ဆီး

Photo Credit: Mirror

အခြားပွဲများအတွက် ခန့်မှန်းချက်များ

ဘရန့်ဖို့ဒ် ၁-၀ ဝက်စ်ဟမ်း

ဘန်လေ ၁-၁ ခရစ္စတယ် ပဲလေ့စ်

အဲဗာတန် ၁-၃ ဘရိုက်တန်

မန်စီးတီး ၃-၀ ဘုန်းမောက်

ရှက်ဖီးလ် ၁-၀ ဝုလ်ဗ်

နော်တင်ဟမ် ဖောရက်စ် ၁-၂ ဗီလာ

လူတန်တောင်း ၀-၂ လီဗာပူး