မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဒီမီတာ ဘာဘာတော့ဗ်က သူရဲ့ အသင်းဖော်ဟောင်းဖြစ်သူ နည်းပြ ဝိန်း ရွန်နီဟာ တနေ့နေ့မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်မယ့် နည်းပြတစ်ဦး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

အင်္ဂလန် နဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွန်နီက ကစားသမားဘဝကနေ အနားယူပြီးချင်းမှာပဲ ဒါဘီကောင်တီ နည်းပြအဖြစ် ဆောင်ရွှက်ခဲ့သလို ဒီစီ ယူနိုက်တက် နဲ့ ဘာမင်ဂမ် စီးတီးတို့ကိုလည်း ဆက်လက် ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ရွန်နီက မကြာသေးခင်ကမှ ဘာမင်ဂမ်ကနေ ထုတ်ပယ်ခံထားရတာ ဖြစ်ပေမယ့်လည်း ဘာဘာတော့ဗ်ကတော့ ရွန်နီဟာ အနာဂတ် ယူနိုက်တက်အသင်းရဲ့ နည်းပြတစ်ဦး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ “ဝိန်းက နည်းပြအလုပ်ကို ကြိုက်နှစ်သက်သူဖြစ်လို့ အသင်းတစ်သင်းသင်းနဲ့အတူ နည်းပြနယ်ပယ်ထဲကို သူပြန်လည် ခြေချလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။”

“နောက်ပြီးတော့ လာမယ့် အနာဂတ် ကာလတစ်ခုခုမှာလည်း သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။”

Photo Credit : The Sun

“သူက ဘာမင်ဂမ်မှာ နည်းနည်းတော့ အဆင်မပြေခဲ့ရပေမယ့် ဒီအလုပ်မှာ သူ အောင်မြင်မှု လှေကားထစ်တွေဆီ ဆက်လက် တက်လှမ်းနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”

“ဒီနေ့ခေတ်မှာက ဘောလုံးနဲ့ပတ်သက်ရင် ရလဒ်ကိုပဲ ကြည့်ကြတော့တာ။ ရလဒ်မကောင်းရင် နည်းပြ အပြောင်းအလဲကိုပါ လျင်လျင်မြန်မြန် လုပ်တက်တဲ့ ခေတ်ဆိုတော့ သူ့ကို အချိန်လည်း မပေးနိုင်ကြတော့ဘူး။ ဒါပေမယ့် သူ စိတ်ဓါတ် သန်သန်မာမာနဲ့ ပြန်လာနိုင်လိမ့်မယ် မျှော်လင့်သလို တစ်နေ့မှာ မန်ယူနိုက်တက် နည်းပြဖြစ်လာဖို့ကိုလည်း ကျွန်တော် မျှော်လင့်ထားပါတယ်။” လို့ ဘာဘာတော့ဗ်က ပြောဆိုသွားခဲ့ပါတယ်။