လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့ နောက်ထပ် ပစ်မှတ် ကစားသမားတစ်ဦးကိုပါ ထပ်မံ ကြားဖြတ် ခေါ်ယူခံသွားရဖို့ ရှိနေပြန်ပါတယ်။

လီဗာပူးလ်က နယ်သာလန် ထိပ်သီးကလပ် PSV အသင်းရဲ့ ကွင်းလယ်လူ အီဘရာဟင် ဆန်ဂါယေးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေရာ လက်ရှိမှာ ဒီကစားသမားကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Tribuna

မွိုက်စ် ကိုင်စီဒို နဲ့ ရိုမီရို လာဗီယာတို့ကို ပစ်မှတ်ထား ကြိုးပမ်းခဲ့ပေမယ့်လည်း ဒီကစားသမား နှစ်ဦးလုံးကို ချယ်လ်ဆီးက လက်ဦးမှု ရယူသွားခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ တခြားသော ကွင်းလယ် ကစားသမားတွေကိုသာ ဆက်လက် ချိန်ရွယ်နေရပါတယ်။

ဒီလို ချိန်ရွယ်နေရင်းနဲ့ PSV အသင်းရဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ် ခံစစ် ကစားသမား ဆန်ဂါယေးကို အတော်လေး စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ဖို့ စီစဉ်နေရာ မမျှော်လင့်ပဲ ဘိုင်ယန်ရဲ့ ကြားဖြတ်မှုနဲ့ ရင်ဆိုင်လိုက်ရပြန်ပါတယ်။

Photo Credit : FUMS

စာချုပ်ဖျက်သိမ်းကြေးက ပေါင် (၃၂)သန်းသာ ရှိနေတဲ့ အသက် (၂၅)နှစ်အရွယ် ဆန်ဂါယေးကို လက်ရှိမှာ နံပါတ် (၆) ကစားသမား လိုအပ်နေတဲ့ ဘိုင်ယန်ကလည်း လီဗာပူးလ်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ လှုပ်ရှားလာခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဘိုင်ယန်အနေနဲ့ ဆန်ဂါယေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီးရင် PSV အသင်းထံ တရားဝင် ကမ်းလှမ်းမှု ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘိုင်ယန်က ဒီနွေမှာလည်း ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်သူ ကင်မင်ဂျေးကိုလည်း အခုလို ကြားဖြတ် ခေါ်ယူနိုင်ခဲ့ပါသေးတယ်။