ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ အထောင် တိုက်စစ်နေရာအတွက် လိုက်ပ်ဇစ်အသင်းရဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူးလေး ဘင်ဂျမင် ဆက်စ်ကို ကို ပစ်မှတ်ထားလာခဲ့တယ်လို့ စပိန် မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ လီဝန်ဒေါစကီး ရာဖင်ဟာ ဂျုာအိုဖီးလစ် တောရက်စ် ရာမယ်လ်တို့ ရှိနေပေမယ့် လီဝန်ဒေါစကီး တစ်ဦးတည်းသာ အထောင် တိုက်စစ်မှူးစစ်စစ် ဖြစ်နေတာကြောင့် ဒီပိုလန်သားကြီးနေရာမှာ ရေရှည် အစားထိုးဖို့အတွက် ဆက်စ်ကို ကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Transfermarkt

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူးလေး ဆက်စ်ကိုဟာ ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေကြဖြစ်တဲ့ သြစတြီးယားကလပ် ရက်ဘူး ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ (၂)ရာသီလောက်အထိ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် သြစတြီးယားလိဂ် (၅၅)ပွဲကစားပြီး (၂၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆက်စ်ကိုဟာ ဆာလ်ဇ်ဘာ့ဂ်နဲ့ ပိုင်ရှင်တူအသင်းတွေဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းဆီကို အခုနွေမှာပဲ ပြောင်းရွှေ့ခဲ့ပြီး ဘွန်ဒက်စ်လီဂါ (၂)ပွဲ ကစားပြီးချိန်မှာလည်း အသင်းအတွက် (၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

 

Photo Credit : The Sun

ဆလိုဗေးနီးယားအသင်းအတွက်လည်း (၂၁)ပွဲကစား (၆)ဂိုး သွင်းယူထားတဲ့ ဆက်စ်ကို ကို ဘာစီလိုနာအသင်းက အလွန် စိတ်ဝင်စားလို့နေပြီး လာမယ့်နှစ် နွေဈေးကွက်လောက်မှာပဲ ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ဒီကစားသမားလေးကို ဘာစီလိုနာအသင်းနည်းတူ တခြားသော ဥရောပထိပ်သီး ကလပ်အသင်းတွေကလည်း အပြိုင် စိတ်ဝင်စားလျက် ရှိနေကြပြီး ဆက်စ်ကိုဟာလည်း လိုက်ပ်ဇစ်နဲ့ ၂၀၂၈ခုနှစ်အထိ ကာလရှည် စာချုပ်တစ်ရပ် ရှိနေတဲ့အပြင် အသက်ကလည်း (၂၀)သာ ရှိနေသေးတာဖြစ်လို့ တန်ကြေး အလွန်မြင့်မားဖွယ်လည်း ရှိနိုင်ပါတယ်။