လာမယ့်နွေမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းကနေ free transfer နဲ့ ထွက်ခွာသွားရတော့မယ့် တောင်ပံတိုက်စစ်ကစားသမား ဇာဟာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းလည်း ပါဝင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

ပရီးမီးယားလိဂ် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ ဇာဟာ ဟာ ပဲလေ့စ် လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၁၃ခုနှစ်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့ပါသေးတယ်။ (၂)နှစ်အကြာမှာပဲ ပဲလေ့စ်နဲ့ ပြန်လည် ပူးပေါင်းဖြစ်ခဲ့တဲ့ ဇာဟာက ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးဖွယ်လည်း မရှိတာကြောင့် သူ့ကို စပါး အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် အေစီမီလန် အင်တာမီလန်တို့လို ဥရောပအသင်းတွေကလည်း စိတ်ဝင်စားနေကြကာ အခုလည်း ဘာစီလိုနာအသင်းကပါ ဇာဟာကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Youtbue

ဘာစီလိုနာအသင်းဟာ ဥရောပထိပ်တန်း ကလပ်အသင်းကြီး ဖြစ်ပေမယ့် ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ကစားသမား ခေါ်ယူမှုတွေမှာ free transfer နဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကိုလည်း ခေါ်ယူမှုတွေ ပြုလုပ်လာခဲ့ရတာကြောင့် လာမယ့်နွေမှာ free agents ဖြစ်တော့မယ့် ကစားသမားတွေထဲကမှ quality players တွေကို ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခု သူတို့ ပစ်မှတ်ထားနေတဲ့ ကစားသမားထဲမှာ ပဲလေ့စ်နဲ့အတူ ပွဲပေါင်း (၄၅၀)နီးပါးလောက် ပါဝင်ထားတဲ့ ဇာဟာလည်း ပါဝင်နေပြီး အခု ဇန်နဝါရီလထဲမှာပဲ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေကိုပါ လုပ်ဆောင်နိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။ အဓိကတော့ ဘာစီလိုနာအသင်းဟာ လာမယ့်နွေမှာ ဖယ်ရန်တောရက်စ် ဒါမှမဟုတ် အူစမန်ဒမ်ဘီလီ နှစ်ဦးထဲက တစ်ဦးဦးကို လက်လွတ်သွားရဖို့ ရှိနေတဲ့အတွက် ဒီနေရာမှာ ဇာဟာနဲ့ ပြန်လည် အစားထိုးသွားချင်နေတာလည်း ဖြစ်ပါတယ်။ ဇာဟာအပြင် လာမယ့် နွေရာသီမှာ နောက်ထပ် free agent ဖြစ်လာတော့မယ့် ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်သာ ဂျော်ဂျင်ဟို ကန်တေနဲ့ တီလေမန်းစ်ကိုလည်း ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေပါတယ်။ ဇာဟာကိုတော့ စပါးအသင်းကလည်း ခေါ်ယူချင်နေတဲ့အတွက် အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေပြီး ဇာဟာရဲ့ ရွေးချယ်မှုကိုလည်း စောင့်ကြည့်သွားရဖွယ်လည်း ရှိနေပါတယ်။