ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်တာရာကို လီဗာပူးလ်အသင်းကနေ ပြန်လည် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန် သတင်းစာ Sport ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Liverpool Core

အသက် (၃၂)အရွယ်ရှိ စပိန် ကွင်းလယ်လူ သီယာဂိုဟာ နည်းစနစ်ပိုင်း ကြွယ်ဝလှတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း မကြာခဏ ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင်ရတတ်တဲ့ injured prone player တစ်ဦးလည်း ဖြစ်နေပါတယ်။ ဒါကြောင့်လည်း သူ့ကို လီဗာပူးလ်အသင်းက ဒီနွေမှာပဲ သီယာဂိုကို အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးသာ ရရှိမယ်ဆိုရင် ရောင်းချသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမျိုး ရှိနေတဲ့ သီယာဂိုကို လီဗာပူးလ် ဂန္တဝင် ကစားသမားဟောင်းကြီး စတီဗင် ဂျရတ်ရဲ့ အသင်းသစ် အယ်လ်အက်တီဖတ်က အလိုရှိနေသလို အခုလည်း သီယာဂိုရဲ့ အသင်းဟောင်း ဘာစီလိုနာကပါ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အီတလီ နိုင်ငံမှာ မွေးပြီး ဘရာဇီးလ်မှာ လူငယ် ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ရတဲ့ သီယာဂိုက ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီကို ၂၀၀၅ခုနှစ်မှာ ရောက်ရှိလာခဲ့ကာ ၂၀၀၉ခုနှစ် မေလမှာပဲ စီနီယာ ကစားသမားဘဝကို စတင် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Everything Barca

ဘာစီလိုနာ (၅)ရာသီအထိ ပါဝင် ကစားဖြစ်ခဲ့တဲ့ သီယာဂိုဟာ ၂၀၁၃ခုနှစ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်မှာလည်း တစ်ရာသီတည်း ဖလား (၃)လုံး ပိုင်ဆိုင်ခဲ့သလို အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခဲ့ချိန်မှာတော့ သီယာဂိုရဲ့ ကစားဟန်က လီဗာပူးလ်အသင်းနဲ့ အံ့မဝင်နေသလို ဒဏ်ရာတွေပဲ မကြာခဏ ရရှိနေတတ်တာကြောင့် ဒီနွေမှာပဲ သီယာဂို နဲ့ လီဗာပူးလ်တို့ လမ်းခွဲကြဖို့ ရှိနေပြီး သီယာဂိုကို “ထူးခြားမှုတွေ ပြည့်နက်နေတဲ့ ကစားသမား” လို့ တင်စားခဲ့ဖူးတဲ့ ဇာဗီက ဘာစီလိုနာအသင်းဆီ ပြန်လည် ခေါ်ဆောင်ဖွယ် ရှိနေပါတယ်။